မိုင်းကိုင်တွင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်TNPကိုယ်စားလှယ်များကိုရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS က ဟန့်တားမှုရှိနေ

၂၀၂၀ခုနှစ်၊သြဂတ်လ(၂၀)ရက်နေ့တွင်ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်းကိုင်မြို့နယ်တွင်လာမည့် ၂၀၂၀၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် TNP ကိုယ်စားလှယ်များကို RCSS မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန်သတိပေးခြင်းမျိုး(၂)ကြိမ်ကြုံတွေ့နေရသည်ဟုမြို့နယ်အလုပ်မှုဆောင်အဖွဲ့ထံမှဆက်သွယ်မေးမြန်းချက်အရ သိရသည်။

၎င်းကို “ ပြီးခဲ့တဲ့၂၀၁၅ဆိုရင်ဖမ်းဆီးချုပ်နှောင်ခြင်းအဆင့်ထိတစ်လကျော်ကြုံတွေ့ခဲ့ရတယ်။ လာမည့်၂၀၂၀မှာအားလုံးကပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သံဒိဌာန်ချထားတယ်။ဖြစ်လည်းဖြစ်သင့်တယ်လို့ထင်တာပေါ့နော်။ကျနော်တို့ကနိုင်ငံရေးနှိုးကြားမှုရှိမှကျနော်တို့မျှော်မှန်းနေတဲ့ဖက်ဒရယ်ဒီမိုကရေဆိုတာဖြစ်လာနိုင်မှာဖြစ်တယ်။ကျနော်တို့နယ်မှာရွေးကောက်မည့်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းပြီးစီးတဲ့နောက် (၅)ရက်လောက်မှာ RCSS တပ်က နယ်မြေမှူး စိုင်းထွန်းထွန်းကနေပြီးမှကျနော်တို့ရဲ့မြို့နယ်အလုပ်မှုဆောင်အဖွဲ့ကိုမင်းတို့တွေဒီဒေသမှာမဲပုံးထောင်ခွင့်မရှိဘူး။ဒါကကျနော်တို့ထိန်းချုပ်နယ်မြေဖြစ်တယ်။ခများတို့ဘောင်ကျော်လို့မရဘူး။ ခများတို့အနေနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံနဲ့ နမ့်ဆန်မှာဘဲ မဲပုံးထောင်ခွင့်ရှိတယ်လို့နယ်မြေမှူးကသတိပေးပြောဆိုခဲ့ပါတယ်။အစိုးရသတ်မှတ်ထားတဲ့နယ်မြေအတိုင်းဘဲ ဝင်ရောက်ယှဉ်ပြိုင်ပါ။ တကယ်လို့ ခများတို့ ဝင်ရောက်ယှဉ်ပြိုင်ရင် ခများတို့ လူထုတွေဒုက္ခရောက်လိမ့်မယ်။ ကျနော်လည်း အထက်အမိန့်အရပြောတာပါ။ ကျနော့ စိတ်ဆန္ဒအတိုင်းတော့ မဟုတ်ပါဘူး။ ဆိုတဲ့ အခက်အခဲတော့ ကြုံတွေ့နေရပါတယ်” ဟု မြို့နယ်အလုပ်မှုဆောင်အဖွဲ့ကို Palaung Land မှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

RCSS တပ်ထဲက နယ်မြေမှူး စိုင်းထွန်းထွန်းမှမိုင်းကိုင် TNP မြို့နယ် အလုပ်မှုဆောင်အဖွဲ့ကို (၁)ကြိမ်လာရောက် သတိပေးပြီး နောက် လေး၊ငါးရက်မှာ ကျေးရွာလူထုများနှင့် တွေ့ဆုံပြီး ခများတို့TNP ကိုပြောပေးပါ ဒီမှာဝင်ရောက်မယှဉ်ပြိုင်ဖို့ ဆိုပြီး စုစုပေါင်း(၂) ကြိမ် လာရောက် သတိပေးပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲကာလတွင်လည်း RCSS မှ မိုင်းကိုင်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်လူငယ်ကိုယ်စားလှယ်ကိုဖမ်းဆီးချုပ်နှောင်ခြင်းမျိုးရှိခဲ့သည်။

မြို့နယ်အလုပ်မှုဆောင်အဖွဲ့မှ”ဒါပေမယ့်ကျနော်တို့ကဘယ်လိုဘဲဖြစ်ဖြစ်ကျနော်တို့ဥပဒေမူဘောင်အတိုင်းဘဲဆက်လက်ပြီးဖြေရှင်းသွားဖို့ရှိပါတယ်။ကျနော်တို့အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ကတည်းကနောက်ဆုတ်ဖို့အစီအစဉ်တော့မရှိပါဘူး။တကယ်လို့RCSSကလုံးဝခွင့်မပြုဘူးဆိုရင်တော့ ကျနော်တို့အနေနဲ့ ကော်မရှင် ထံ ပလပ်ပေးဖို့ဘဲ သက်ရောက်တော့မယ်”ဟု ထပ်မံပြောကြားခဲ့သည်။၎င်းကိစ္စကို ရွေးကောက်ပွဲကော်မရှင် ထံအကြောင်းကြားစာပို့ရာမှ ကော်မရှင် တာဝန်ရှိသူက “ ဒါကို RCSS ကကန့်ကွက်ခွင့်မရှိဘူး ကန့်ကွက်ရင်တော့ သူတို့အမှားဖြစ်သွားလိမ့်မယ်ခများတို့အနေနဲ့ရဲရဲရင့်ရင့်ရင်ဆိုင်သွားပါ။ဘာမှမဖြစ်ဘူးခများတို့ကလည်းတရားဝင်ကိုယ်စားလှယ်လောင်းဖြစ်သွားပြီဆိုတော့ ဒါက ကော်မရှင်နဲ့အစိုးရပိုင်းရဲ့တာဝန်ယူဆောင်ရွက်ပေးရမယ့် အပိုင်းဖြစ်တယ်” ဟု အကြောင်းပြန်ခဲ့သည်။

၎င်းနှင့်ပတ်သတ်ပြီး သြဂတ်လ(၂၁)ရက်နေ့တွင် မြို့နယ်အလုပ်မှုဆောင်အဖွဲ့မှ တအာင်းအမျိုးသားပါတီ(ဗဟို)သို့စာဖြင့် တင်ပြခဲ့သည်။ ထို့ပြင် နမ္မတူမြို့ရှိ TNP ပါတီဆောင်ပုဒ်များလည်း လိုက်လံဖျက်ဆီးခြင်းများ ကြုံတွေ့နေရသည်။

IDD #မေးမြန်းခြင်း #မိုင်းကိုင်TNP

Leave a Reply

Your email address will not be published. Required fields are marked *