ကွတ်ခိုင်မြို့မန်ဂျတ်ကျေးရွာနှင့် လုံကိန်ကျေးရွာမှ လူငယ်(၁၀)ဦး ပျောက်ဆုံးနေ

၂၀၁၉ခု၊ ဇွန်လ (၂၀) ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ မန်ဂျတ်ကျေးရွာအုပ်စု၊ မန်ဂျတ်ကျေးရွာမှ လူငယ် (၈)ဦးနှင့် ဟိုနောင်ကျေးရွာအုပ်စု၊ လုံကိန်ကျေးရွာ လူငယ် (၂)ဦးတို့ ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ခု၊ ဇွန်လ (၁၉)ရက်နေ့ ည (၉)နာရီအချိန်တွင် မန်ဂျတ်ကျေးရွာအုပ်စု၊ မန်ဂျတ်ကျေးရွာသားများက ဟိုနောင်ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာသို့ မင်္ဂလာဆောင်သွားရန် လူပျိုတစုထွက်ခဲ့ကြသည်။ ဇွန်လ (၂၀) ရက်နေ့ မင်္ဂလာဆောင်မှ အပြန်ရွာမှ လူပျိုများ(၈)ဦးနှင့်ရွာနီးနား ကာလိုင်ကျေးရွာအုပ်စု၊ လုံကိန်ကျေးရွာသား(၂)ဦးတို့ ပျောက်ဆုံးနေသည်ဟု ဒေသခံပြောပြချက်အရ သိရသည်။<

“ကျတော်တို့ရွာသားက ပန်လော့ရွာမှာ မိန်းမသွားယူတော့ ရွာကလူပျိုတွေက ပျော်ပါးဖို့ အပျိုနဲ့စကားသွားပြောဖို့ဆိုပြီး (၁၉)ရက်နေ့ ည(၉)နာရီ ကတည်းက ထွက်သွားကြတယ်။ မင်္ဂဆောင်လည်းပြီးတော့ (၂၀)ရက်နေ့ မှာ ကျတော်တို့ ရွာပြန်မလို့ ရွာကလူငယ်တွေ လျှော့နေတာ။ ဟိုမေး ဒီမေးနဲ့ နေ့လည်ပိုင်း ရောက်တော့ ကာလိုင်နားတဝိုက်မှာနေတဲ့ ဗမာစစ်သားနဲ့ ပြည်သူ့စစ်တို့ ဖမ်းသွားတာလို့ သိရတာ။ ဖမ်းသွားတဲ့ထဲမှာ ကျောင်းသား(၂) ဦး လည်းပါသေးတယ်။ အခုရွာလူကြီးတွေက လူငယ်တွေကိုပြန်သွားခေါ်ဖို့ ဗျူဟာမှူးနဲ့သွားတွေ့မလို့။ ဒီနေ့လည်း ပန်လောရွာနဲ့ကာလိုင်ကြားမှာ တိုက်ပွဲထပ်ဖြစ်နေတယ်။” ဟု ရွာမှဒေသခံပြောပြချက်အရ သိရသည်။

အဆိုပါ ရွာသား(၁၀)ဦးအနက် မန်ဂျတ်ရွာမှ မိုင်းဆန်သန်း အသက်(၂၈)နှစ်၊ မိုင်းအိုက်ညော် (၁၈)နှစ်၊ မိုင်းအောင်အောင်ထွန်း (၁၈)နှစ်၊ မိုင်းဆမ်လှအောင် (၁၇)နှစ်၊ မိုင်းကျော်ဆွေ (၁၆)နှစ်၊ မိုင်းကျမ်အောင် (၂၁)နှစ်၊ မိုင်းအိုက်လေး (၁၇)နှစ်နှင့် မိုင်းအိုက်ညမ်းလင်း (၁၇)နှစ် ဟုသိရပြီး လုံကိန်ရွာတွင် အဆက်အသွယ်မရသေးသဖြင့် ကျန် (၂)ဦးအား မသိရသေး။ ထို့ပြင် ၎င်းနယ်တဝိုက်တွင် ကွတ်ခိုင်အခြေစိုက် (၄၅)ဗျူဟာနှင့် ကောင်းခါးပြည်သူ့စစ်တို့ ပူးပေါင်းတပ်စခန်း ရှိသည်ဟုလည်း ဒေသခံပြောပြချက်အရ သိရသည်။

ထို့ပြင် ဇွန်လ (၂၀)ရက်နေ့တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *