သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုင်းချိုမင်းထွေး လွတ်မြောက်လာ

၂၀၁၉ခု ၊ မေလ (၇)ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇-၁ ဖြင့်ဖမ်းဆီးခြင်းခံထားရသော မိုင်းချိုမင်းထွေးကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေခဲ့သည် ဟုသိရသည်။

ဖြစ်စဉ်မှာ အသက်(၁၄) နှစ်အရွယ် မိုင်းချိုမင်းထွေးသည် (၈)တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၇-ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် နမ့်ဆန်မြို့နယ်တရားရုံးမှ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇-၁ ဖြင့် ထောင်ဒဏ် (၂)နှစ်နှင့် ဒဏ်ငွေ (၁၀၀၀) ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ အသက်မပြည့်သေးသည့်အတွက် လူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ပို့ဆောင်ခြင်း ခံခဲ့ရပါသည်။

ထိုအမှုအတွက် တရားမျှတမှုရရှိအောင် တအာင်းဥပဒေအထောက်အကူပြုအဖွဲ့မှ ကျောက်မဲခရိုင်တရားရုံး၊ ပြည်နယ်တရားရုံး အဆင့်ဆင့် အယူခံတက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါ။

မိုင်းချိုမင်းထွေး လွတ်မြောက်ရန် (၅)လကျော်ကျော်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။ယခု အချိန်ထိ မိုင်းချိုမင်းထွေးနှင့်လူချင်းမတွေ့ရသေး ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *