ရွှေလီမြစ်ရေအားလျှပ်စစ်အမှတ် (၃) စီမံကိန်း ချက်ချင်းရပ်ဆိုင်းရန် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ တောင်းဆိုခြင်း။

ရွှေလီမြစ်ရေအားလျှပ်စစ်အမှတ် (၃) စီမံကိန်း ချက်ချင်းရပ်ဆိုင်းရန် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ တောင်းဆိုခြင်း။

ရက်စွဲ။ ။ နိုဝင်ဘာလ ၄ ရက် ၂၀၁၆ ခုနှစ်

စက်တင်ဘာလ ၁၅ရက်နေ့ ၂၀၁၆ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခအပြင်းအထန်ဖြစ်ပွားနေ သည့်နယ်ပယ်ဒေသတွင် ရွှေလီမြစ်ရေအားလျှပ်စစ်အမှတ် (၃) စီမံကိန်းဆက်လက်လုပ်ဆောင်ရန် အစိုးရကြေ ညာသည့်အပေါ်တွင် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လိုက်ပါ သည်။ ဤစီမံကိန်းသည် ရေအားလျှပ်စစ်စီမံကိန်းများအနက် ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ ပထမဦးဆုံးသော ခွင့် ပြုသည့်စီမံကိန်းများအနက်မှတစ်ခုပင်ဖြစ်ပါသည်။ ပဋိပက္ခဒေသအတွင်း ရွှေလီမြစ်ရေအားလျှပ်စစ်အမှတ် (၃) စီမံကိန်းတည်ဆောက်ခြင်းသည် ပြည်သူများ၏ဘဝနှင့် ကြာရှည်သည့်ပြည်တွင်းစစ်ဖြစ်စေမည့်အပြင် ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုလည်း မလွဲမတွေထိခိုက်စေမည်ဖြစ်ပါသည်။

မီကာဝပ် (၁၀၅၀) ထုတ်လုပ်မည့် ရွှေလီမြစ်ရေအားလျှပ်စစ်စီမံကိန်းအမှတ် (၃) သည် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ အုပ်စုတွင်တည်ရှိပြီး မြန်မာ့လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြင်သစ် ကုမ္ပဏီ (EDF) တို့မှ ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်တွင် နှစ်ဦးသဘောတူစာချွန်လွှာ MoU ကိုလက်မှတ်ရေးထို့ခဲ့ ကြခြင်းသည်စီမံကိန်းပတ်ဝန်းကျင်အတွင်း တိုက်ပွဲများပြင်းထန်စေမည်ဖြစ်ပါသည်။ မိုးမိတ်မြို့အခြေစိုက် ခြေမြန် တပ်ရင်းအမှတ် ၂၂၃ နှင့် ၃၄၈ တို့မှ စီကံကိန်းအတွက် လုံခြုံရေးတာဝန်ယူပေးနေလျက်ရှိပါသည်။

ရွှေလီမြစ်ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၃) တည်ရှိရာဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့မှ သွားလာလုပ်ရှားသည့် အဓိကနယ်မြေတခုဖြစ်ပါသည်။ စီမံကိန်းလုခြုံ ရေးတာဝန်ယူပေးသည့် မိုးမိတ်အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၂၂၃ ၊ ၃၄၈ တို့သည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် စီမံကိန်းနယ်မြေအတွင်း မကြာခနဆိုသလိုပင်တိုက်ပွဲအပြင်းထန်ထိပ်တိုက် ရင်ဆိုင်ဖြစ်ပွားပြီး ပြည်သူလူထုများလည်း လူ့အခွင့်အရေးချိုးဖောက်မှုခံနေကြရပါသည်။

ဇန်နာဝါရီလ ၂၀၁၅ ခုနှစ် ဒေသခံလုပ်သမားများမှ လျှပ်စစ်ဓာတ်အားလိုင်းတိုင်ထောင်ရန် တောများခုတ်ထွင် ရှင်းလင်းချိန်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ စီမံကိန်းနယ် မြေအတွင်း အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲကြောင့် ရွာသူရွာသား (၂၀၀) ခန့်သည် စစ်ဘေးဒဏ် လွတ်မြောက်ရာနေရာဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခုချိန်ထိ အိမ်ပြန်လာခြင်းမရှိပေ။ “စီမံကိန်းကို ဆက်လက်လုပ်မယ်ဆိုရင်တော့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နေရှာရွေ့ပြောင်းမှုတွေ ပိုမိုဖြစ်လာ စေမယ့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်မှုပိုမိုဖြစ်မယ်” ဟု မိုင်းအေဲမ်းညိူဝ်းမှ ဆိုပါသည်။

နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် ဒေသတွင်းလုံခြုံရေးမတည်ငြိမ်ခြင်းကာလအတွင်း တိုင်းရင်းသားဒေသတွင် ပြည်ပ ရင်းနှီးမြှပ်နှံမှုစီမံကိန်းများဖြစ်သည့် ရေကာတာစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ သတ္တု တွင်းစီမံကိန်းများနှင့် အခြားသောပြည်ပရင်းနှီးမြှပ်နှံစီမံကိန်းများကို တံခါးဖွင့်လက်ခံခြင်းသည် စစ်ဘေးဒဏ်ခံနေ သည့်တိုင်းရင်းသားပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် ၎င်းတို့၏ သယံဇာတလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကြီး တခုထပ်မံဖြစ်စေသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ ယုံကြည်မိပါသည်။ ထို့ကြောင့် စစ်မှန် သောဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သ၍ကာလပတ်လုံးအတွင်း တအာင်းဒေသနှင့် အခြားတိုင်း ရင်းသားဒေသရှိ အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းများအားလုံးကို ပြန်လည်သုံးသပ်သင့်ပါသည်။

တောင်းဆိုချက်များ
၁။ ရွှေလီမြစ်ရေအားလျှပ်စစ်စီမံကိန်းအမှတ် (၃)ကိုရပ်ဆိုင်းပေးရန်။
၂။ စီမံကိန်းလုံခြုံရေးအဖွဲ့အပါဝင် တအာင်းဒေသရှိ မြန်မာ့တပ်မတော်များ ချက်ချင်းပြန်လည်ရုပ်သိမ်းပေးရန်။
၃။ ဖြစ်စဉ်တလျှောက်လုံးတွင် ဒေသခံပြည်သူလူထု၊ လူမှုအသင်းအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် အတတ်ပညာရှင် အသိပညာရှင်များ နှင့် နိုင်ငံရေးသမားများပါဝင်သည့် သဘာဝသယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဥပဒေအသစ်ရေးဆွဲပြဌာန်းပေးရန်။
၅။ ဖက်ဒရယ်ဒီမိုကရေစီမကျင့်သုံးနိုင်သ၍ကာလပတ်လုံး မြန်မာနိုင်ငံရှိ အကြီးစားရေအားလျှပ်စစ်စီမံကိန်းများ ရွေ့ဆိုင်းပေးရန်။
၅။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြုပြင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီ စနစ်ကျင့်သုံးသွားရန်။

ဆက်သွယ်ရန်
မိုင်းအေဲမ်းညိူဝ်း
ဖုန်း။ ။ ၀၉၂၆၅၁၇၄၃၆၄၊ ၀၉၄၇၃၀၄၁၆၁

Leave a Reply

Your email address will not be published. Required fields are marked *