ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိူး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိူး (၅)ဦး တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများပြောပြချက် အရ သိရှိရပါသည်။

ကောင်းခါဌာနေပြည်သူ့စစ် (KDA) ဖမ်းဆီးသွားသည့် လူဦးရေ စားရင်း

၎င်းတွင်မှ လမ်းလုပ်သား ဗမာလူမျိုး(၅)ဦး တို့အား ပြန်လွှတ်ပေးပြီးကြောင်း သတင်းရရှိပြီး တအာင်း လူမျို (၂၅)ဦး တို့အား ယနေ့အချိန်ထိ မည်သူနှင့်မျှ တွေ့ဆုံခွင့်မပေးဘဲ ယခုချိန်ထိ ဖမ်းဆီးခေါ်ဆောင် ထားကြောင်း သိရှိရသည်။ ဖမ်းဆီးခေါ် ဆောင်သွားသည့် အကြောင်းရင်းကိုလဲ မသိရှိရပါ။

ဒေသခံအချို့မှ ကောင်းခါးဌာနေပြည်သူ့စစ် တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုနေ ကြသည်ကိုလည်း ကြားသိခဲ့ရသည်။

ကောင်းခါးဌာနေပြည်သူ့စစ် အဖွဲ့သည် ၁၉၉၁ ခုနှစ်က နဝတအစိုးရနှင့်ငြိမ်းချမ်းရေး ရယူပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *