ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်မွေးတိရိစ္ဆာန် ကျွဲနှင့် နွားများ၏ ၁၀ ကောင် အထိ သေဆုံးသည်ဟု ရွာသားများ ပြောပြချက်အရ သိရှိရသည်။

သေဆုံးသူများသည် အသက် (၄၂) နှစ် ဒေါ်မာဆာအောင် နှင့် အိမ်နီးချင်း အသက် (၅) နှစ် အရွယ် လွေယေလွတ် ဖြစ်ကြာင်းဖြစ်ပြီး ရွာအတွင်းတွင် ကျရောက်ပေါက်ကွဲသည့် ၁၂၀ မမ ဗုံးဆများ ရွာမှာ ရှိနေသေးကြောင်း ရွားသားများ ပြောပြပါသည်။

ယနေ့မနက်တွင် တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်မှာ မဆင်မခြင် ပစ်ခက်မှုကြောင့် ရွာသားများ ထိခိုက်သွားသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး သတင်းထုတ်ပြန်ချက်မှ ရေးသားထာပါသည်။

နမ့်ခုမ်းရွာသည် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာတပ် နှင့် ၂မိုင် အကွာအဝေးသာ တည်ရှိသည်။
၎င်းမနက်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ တိုက်နယ်တွင်လည်း ပစ်ခက်မှုများ ဖြစ်ကြပြီး လူနေအိမ်တွင် လက်နက်ကြီးများ ကျရောက်ထိမှန်ခဲ့သော်လည်း မပေါက်ကွဲသေးကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *