ပလောင်လူငယ်များကိုအတင်းဓမ္မစစ်တပ်ထဲဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းခြင်း

မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့နယ်တွင် ဗိုလ်မှူးကြီးတင်မောင်ဝင်းကိုယ်တိုင်ဦးဆောင် သည့် ခလရ တပ်ရင်း(၁၃၀)၏ တပ်သားများသည် မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ် ကျေးရွာအတွင်း ရှိလူငယ်များကိုစစ်တပ်ထဲသို့ဝင်ရောက်ရန်အတွက်(၁၉)ရက်နေ့စက်တင်ဘာမှစတင်ပြီးယခုနိုဝင်ဘာ ၂၀၀၈ ခုနှစ်အထိ အတင်းအဓမ္မတစ်အိမ် တက်တစ်အိမ်ဆင်းကာလိုက်လံစည်း ရုံးနေကြောင်းသိရှိရ ပါသည်၊

ထိုသို့လိုက်လံစည်းရုံး ကောက်ခံသောနေရာများမှာ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိသော ဟိုးမိန်း၊ မန်းမိုင်း၊ မန်းကွိန်း၊ ဟိုးခင်း၊ မန်းစပ်၊ ထန်းမဆိုင်၊ ပန်လုံရွာစသည့်ကျေးရွာများတွင် တစ်အိမ် တစ်ယောက် မဝင်မနေရအမိန့်ထိုတ်ပြီးဆက်လက်ကောက်ခံနေကြပါသည်။

ရွာသားတစ်ဦး၏ပြောပြချက်အရ “ဗိုလ်မှူးကြီးတင်မောင်ဝင်းကိုယ်ကိုင်ပြောခဲ့ပါတယ်ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင်း ပလောင်ဒေသတွင်ကိုယ်ကိုင်အုပ်ချူပ်ရေးရမှာဖြစ်ပါတယ်၊ ဒီဒေသရဲ့လုံခြုံရေးအ တွက် အခုစစ်တပ်ထဲကိုဝင်ရောက်မည်လူတွေကသာ အဓိကလုံခြုံရေးယူပေးရမှာဖြစ်ပါတယ် စစ်တပ် ထဲမဝင်တဲ့တွေကတော့ ဘာမှတာဝန် မရှိပါဘူး” ဟုပြောဆိုခဲ့ကြောင်းသိရှိခဲ့သည်။

တစ်ချို့ရွာသာများမှာ အမှန်တကယ်ထင်ကြပြီးစစ်တပ်ထဲသို့ဝင်သွားကြရာ စစ်တပ်စခန်းထဲရောက် မှ ဗိုလ်မှူးကြီးတင်မောင်ဝင်း၏ လိုက်လံစည်းရှံးမူသည် မတရားကြောင်း၊မမှန်ကန်ကြောင်း၊ အကြောင်းစုံ ကိုသိရှိရပြီးနောက် လူငယ်(၈)ဦးထက်မနည်းထွက်ပြေးသွားခဲ့ကြသည်။ ထိုသို့ထွက်ပြေးလွတ် မြောက်သွားသောလူငယ်များရှိသလိုစစ်ရေးလေကျင့်ရာတွင် အင်မတန်ပင်ပန်းတာက တစ်မျိုး၊ အစား သောက်လုံလောက်စွာမရရှိတာက တစ်မျိုးနှင့်အခက်ခဲမျိုးစုံ ကြုံတွေရင်ဆိုင်နေရသည့်လူငယ်များ လည်းရှိကြောင်း သိရှိရပါသည်။

ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “ယခုဆိုရင် အဲဒီတပ်ရင်း (၁၃၀)ထဲမှာ အမှန်တကယ်ထင်ပြီး ဝင်ရောက်ကြတဲ့သူများနှင့် အတင်းအဓမ္မခေါ်ဆောင်သွားခံရသည့် လူငယ်ပေါင်းအယောက် (၄၀) ကျော်ခန့် ကျန်ရှိနေသေးကြောင်း” ပြောပြခဲ့ပါသည်။

ထွက်ပြေးသောပလောင်လူငယ်များကိုလည်း စစ်ဝရမ်းပြေးအဖြစ်သတ်မှတ်ပြီးလိုက်လံဖမ်းဆီးထား ခိုင်းကြောင်းသိရှိခဲ့သည်။ မမ်းဆီးမိသည့်လူငယ်တစ်ချို့ကိုလည်း ခလရ (၁၃၀)တပ်ကုန်း၌ ညှင်းပန်း နှိပ်စက် ချုပ်နှောင်ထားကြောင်းသိရှိခဲ့သည်။ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တွင် နေထိုင်းကြသော လူငယ်များမှာ စစ်တပ်ထဲဝင်ရောက်ကြရမည့်ကို ကြောက်ရွံသဖြင့် အခြားမြို့များသို့ သွားရောက်ပုန်းရှောင် အလုပ်လုပ်နေကြကြောင်းသိရှိရပါသည်။

ဗိုလ်ချုပ်ကြီးတင်မောင်ဝင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် အခြေချနေထိုင်သည့် တပ်ရင်း(၁၃၀) ကိုဦးဆောင်သူဖြစ်ပြီး ပြီးခဲ့သည့် (၂၀၀၇)ခုနှစ်တွင်လည်း ပလောင်ဒေသတွင်းလူငယ် များကို ယခုကဲသို့စစ်သားများအတင်းအဓမ္မစုဆောင်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *