
ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်
ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်ကို ၁၉၅၆-ခုနှစ် ဖွဲ့စည်းထူထောင်ခဲ့သည်။ တောင်ပိုင်စော် ဘွားကြီးစပ်ခွန်ပန်းစိန်က ဦဆောင်၍ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲပြဌာန်းခဲ့သည်။ အဖွဲ့ချုပ်၏ရည်ရွယ်ချက်မှာ ပလောင်အမျိုးသားတို့၏ညီညွတ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အကျင့်ဝတ္တရား ပြုပြင်ရေး၊ကြီး ပွားရေး ပညာရေး၊ကျန်းမာရေးတို့ ဖြစ်သည်။ အဖွဲ့ ချုပ်၏လုပ်ငန်းစဉ်မှာ (၁)ပလောင်အမျိုးသားနှင့် ရှမ်းပြည်ညီညွတ်ရေးများတွင် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်း (၂)လူတို့၏အဓိက သိအပ်သောကျင့်ဝတ် ၀တ္တရားများကို သင်ကြားပေးခြင်း (၃) စိတ်ဓါတ်၊အကျင့် စာရိတ္တနှင့် အပြုအမှု ကျင့်ဝတ္တရားသုံးပါး ပြုပြင်ပေးခြင်း (၄)တိုင်းသူပြည်သားတို့၏ကြီးပွားရာ ကြီးပွားကြောင်းနည်းလမ်းများကို သင်ကြားပေးခြင်းဟူ၍ဖြစ်သည်။ (၅)ပကတိ ကျန်းမာရေးနှင့် ညီညွတ်ခြင်းရှိစေရန် ကိုယ်လက်လှုပ်ရှားခြင်း ကိုသင်ကြားပေးခြင်းဟူ၍ဖြစ်သည်။ အဖွဲ့ချုပ်၏ တည်ရာဗဟိုဌာနချုပ်ကို နမ့်ဆန်မြို့ တွင်ထားရှိပြီး ဗဟိုဌာနခွဲ၊ဌာနခွဲစသည်တို့ကို အဆင့်ဆင့်ဖွဲ့ စည်းထားရှိခဲ့သည်။ အဖွဲ့ချုပ်၏ပလောင်အမျိုးသားဟူသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပလောင်၊ ၀၊ လွယ်လ၊ ယင်းနက်၊ တောင်သူတို့ ပါဝင်ဖွဲ့ စည်းထားသည်။ တော်လှန်ရေးကောင်စီစစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းယူပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူမျိုးစုရေးရာအသင်းအဖွဲ့များတို့ ဖျက်သိမ်းခံကြရရာပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ချုပ်သည်လည်း ၁၉၆၄-ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည်။
သမိုင်းကြောင်း 






.gif)

