You are here: မူလစာမျက်နှာ ထုတ်ပြန်ကြေညာချက် စစ်အုပ်စု၏ ထိန်းချူပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

စစ်အုပ်စု၏ ထိန်းချူပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

E-mail Print PDF

တအာင်းလူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေးအစီရင်ခံစာသည်  စစ်အုပ်စု၏ထိန်းချူပ်မှုအောက် ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလူမျိုးတို့ပညာရေးစနစ်အကြောင်းကို အများပြည်သူသိရှိ စေရန် ထုတ်ဖော်ထားပါသည်။ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှ ရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များ ကောက်ယူခဲ့ပါသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ ယခုအစီရင်ခံစာသည် စစ်အုပ်စု၏တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်းပြည်သူလူထုတို့၏ဘဝ အနာဂတ်မဲ့နေကြရသည်ကို အချက်အလက် စုစည်းတင်ပြထားပါသည်။

တအာင်းဒေသတွင် စာသင်ကျောင်းအနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းလည်း မပြည့်စုံပါ။ နအဖ စစ်အုပ်စုသည် အရည်အချင်း မပြည့်ဝသော ဆရာများထားရှိခြင်း၊ ဆရာများကိုလေ့ကျင့်သင်ကြား ပေးခြင်း၊ ပညာရေးသင်ထောက်ကူများပံ့ပိုးခြင်း အစရှိသည့် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင် မရှိသလောက်အလွန်နည်းပါသည်။

ကျောင်းသင်ထောက်ကူပစ္စည်းအတွက် ပညာသင်ကြားသည့် တအာင်းကျောင်းသား လူငယ်များထံသာ ကောက်ခံခဲ့ကြပါသည်။ ကျောင်းတကျောင်းတွင် ၂ဝဝဝ ခုနှစ်တွင် စတင်ပညာသင်ကြားခဲ့သော ကျောင်းသူ/သား ၁၇၂ ဦးသည် ၂ဝဝ၉ ခုနှစ် ရောက်သောအခါ  ကျောင်းသူ /သား ၃ ဦးခန့်သာ ဆယ်တန်းအထိရောက်ရှိသင်ကြားနိုင်ခဲ့သည်ကို အစီရင်ခံစာ အတွက် လေ့လာသုတေသန ပြုသည့် အဖွဲ့မှ လေ့လာတွေ့ရှိရပါသည်။

ထိုအတူ ပညာရေးသင်ရိုးညွန်တမ်းတွင် တိုင်းရင်းသားလူမျိုးများအား ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို တရားဝင်လေ့လာသင်ယူခွင့်ကို တားမြစ်ပိတ်ပင်ထားပြီး စာသင်ကျောင်းများတွင်လည်း မြန်မာစာ ကိုသာ အခြေခံ အသုံးပြု၍ သင်ကြားနေသည်။ နအဖ စစ်အုပ်စုသည် ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးထက် စစ်အင်အားပြင်ဆင်တိုးချဲ့ရေးတွင် နိုင်ငံ့ဘဏ္ဌာငွေကို အဆ ပေါင်းများစွာ အသုံးပြုထားပြီး၊ နိုင်ငံထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ၏ ၁.၄ ရာခိုင်းနုန်းသာ ပညာရေးနှင့်ကျန်မာရေးအတွက် သုံးစွဲသည် ကိုတွေ့ရှိရပါသည်။

ပညာသင်ကြားသော ကျောင်းသာလူငယ်များမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းသွတ်သွင်းခြင်းအပြင် လူ့အခွင့်အရေးချိုး ဖောက်မှုများစွာ ခံစားနေကြရသည်ကိုလည်း တွေ့ရှိရပါသည်။ ပညာရေးအခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် ဆိုးရွားစွာ ဆက်လက်ဖိနှိပ်ချိုးနှိမ်ခံ ထားရပါသည်။ စာသင်ကျောင်းတွင် အချိန်ကြာမြင့်စွာသင်ယူခဲ့သည့် ကျောင်းသားတစ်ယောက်အတွက် ဆက်လက်ပြီး တဆင့်မြှင့်ပညာသင်ကြားရန် အခြေအနေလုံးဝ မရှိသလောက် နည်းပါးလှပါသည်။

“ကျနော်သင်ကြားခဲ့တဲ့ ပညာရေးဟာ ကျနော်လုပ်နေတဲ့အလုပ်နဲ့ ဘာမှ မဆက်စပ် ပါဘူး။ တက္ကသိုလ် မှာ ဥပဒေပညာကို သင်ယူခဲ့ပြီး အခုလက်ဖက်ရောင်းနေပါတယ်။ ပညာရေးဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် အာမခံချက်လုံးဝ မရှိဘူး။ အခုပညာ ရေးစနစ်ဟာ အစိုးရကို ကြောက်လန့်အောင်၊ အမိန့်နာခံအောင်ပဲ သင်ပေးပါတယ်။ လာဘ်စားမှု တွေလဲ အင်မတန် များပါတယ်” ဟု အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခံခဲ့သူ လူငယ်တဦးပြောပြပါသည်။

“နအဖ စစ်အုပ်စု ရဲ့ ပညာရေးစနစ်ကို အချိန်မှီပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ပညာရေးဟာအလျှင်အမြန် ယိုယွင်း ပျက်ဆီး သွားမှာဖြစ်ပါတယ်၊ ဒေသခံပြည်သူလူထုတွေရဲ့ ပညာရေးအခြေအနေဟာ ဘတ်ဂျတ်မရှိလို့ကျောင်းပိတ်တာ၊ ဘတ်ဂျတ်ငွေကြေး မတတ်နိုင်လို့ကျောင်းထွက်ရတာ၊ ပညာရေးအတွက် အခြားဘာမှ ရွေးချယ်စရာအခွင့်အလမ်း မရှိတော့တာတွေဟာ လုံးဝစိတ်ဓါတ် ကျဆင်းစရာဖြစ်နေပါတယ်” ဟု တအာင်းတအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး၏ ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်း မှ စစ်အုပ်စု၏ မှားယွင်းသော ပညာရေးစနစ်ကို အချိန်မှ ပြုပြင်ရန် ထောက်ပြပြောဆိုထားပါသည်။

  www.palaungland.org

 

တွေ့ဆုံမေးမြန်းခန်း

 
တအာင်းစာပေနှင့်ယဉ်ကျေးမှုနေ့အခမ်းအနား

အခြားသတင်းလင့်များ


လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း

လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း
 
Burmese Version | English Version

 


“ပိုက်လိုင်းအိပ်မက်ဆိုး”

မြန်မာအင်္ဂလိပ် 

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း
 
Burmese Version | English Version

ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ

 
Burmese Version | English Version

ပဋိပက္ခလောင်စာများ

ပဋိပက္ခလောင်စာများ
 
Burmese Version English Version