You are here: Home STATEMENTS “တအာင်းဒေသငြိမ်းချမ်းရေး နှင့်စပ်လျဉ်းပြီး ပြည်သူလူထုများအား တိုက်တွန်းလှူံ့ဆော်ချက်”

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

“တအာင်းဒေသငြိမ်းချမ်းရေး နှင့်စပ်လျဉ်းပြီး ပြည်သူလူထုများအား တိုက်တွန်းလှူံ့ဆော်ချက်”

E-mail Print PDF

(၁)     ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် P.S.L.A လက်နက်ဖြုတ်သိမ်းသည့် အခမ်းအနား၌ ယခင် နိုင်ငံတော်ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ပလောင်ဒေသ တခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုတို့၏ ဘ၀လုံခြုံရေးတို့ကို တာဝန်ယူသွားမည် ဖြစ်ကြောင်း

ကတိပြုပြောကြားခဲ့ပါသည်။ သို့သော် စစ်အုပ်စုတဖြစ်လဲ ဦးသိန်းစိန် အရပ်သားအစိုးရသည် တအာင်း ဒေသခံ မိဘပြည်သူတို့၏ ဘ၀လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်သည့်အပြင် မြန်မာတပ်ဖွဲ့များပိုမိုတိုးချဲ့ကာ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေ ပါသည်။

(၂)     တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A ၏တပ်ဖွဲ့များ အခြေစိုက်ရာနှင့် စည်းရုံးလှုပ်ရှားရာ ဒေသသို့ မြန်မာအစိုးရစစ်တပ်တို့ ထိုးစစ်ဆင်လှုပ်ရှားလာမှုကြောင့် တိုက်ပွဲများဖြစ်ပွားပြီး တအာင်းမိဘပြည်သူတို့ ငြိမ်းချမ်းရေးနှင့် ကင်းဝေးကာ စစ်ဘေးဒဏ်ကို ခါးသီးစွာရင်ဆိုင် နေကြရပါသည်။

(၃)     ဦးသိန်းစိန် အရပ်သားအစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တစုံတရာပြုလုပ်နေသော်လည်း တိုင်းရင်းသားလူမျိုးများနှင့် စစ်မှန်သည့်နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ အထူးသဖြင့် မိမိတို့ တအာင်း ဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးပြဿနာများ ယခင်ကထက် ပိုမို တင်းမာဆိုးရွားလာပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေပါသည်။ ဒေသခံပြည်သူလူထုအများစုမှာ စီးပွားရေး အခြေအနေ ကျပ်တည်းမှုတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာအလုပ်ရှာကြရသဖြင့် လူကုန်ကူးခံရခြင်းများ၊ ရိုးရာယဉ်ကျေးမှုပျက်ပြားခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။

(၄)     ထို့ကြောင့် တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ပြီး မိမိတို့၏ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဖန်တီးနိုင်သည့် အမျိုးသားတန်းတူညီမျှရေးနှင့် တအာင်းဒေသအတွင်း ဆိုးရွားနေသော မူးယစ်ဆေးဝါးအန္တရာယ် ချေမှုန်းတိုက်ဖျက်ရေးတို့အတွက် မိမိတို့တအာင်းလူထုတရပ်လုံးက စည်းလုံးညီညွတ်စွာ စုပေါင်းလုပ်ဆောင်မှသာလျှင် တအာင်းဒေသ တည်ငြိမ်ဖွံ့ဖြိုးမည် ဖြစ်ပါသည်။ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အနေဖြင့် တအာင်း တမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အကောင်အထည်ဖော် လုပ်ဆောင်နေလျှက်ရှိပါသည်။

(၅)     ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး သည် မိမိတို့တအာင်းမိဘပြည်သူများ ရင်ဆိုင်နေကြရသည့် နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းတရပ်အဖြစ် လက်ခံယုံကြည်ထားပါသည်။ သို့သော်လည်း မြန်မာအစိုးရအဆက်ဆက်သည် တအာင်းလူမျိုးတို့အား နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံညှိနှိုင်းခြင်းမရှိဘဲ အမျိုးမျိုးသွေးခွဲကာ အင်အားသုံးဖိနှိပ်နေသည်ကို မိဘပြည်သူတရပ်လုံး အနေနှင့် သတိရှိရှိ စည်းလုံးညီညွတ်စွာရင်ဆိုင်ရပ်တည်ကြရန် အလေးအနက်တိုက်တွန်းလှူံ့ဆော်အပ်ပါသည်။

 

 

ဗဟိုဌာနချုပ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F)

၁၅ ရက်၊ အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်။

 


 
Last Updated ( Tuesday, 16 October 2012 08:01 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links