You are here: Home NEWS တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

E-mail Print PDF

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက်၍ ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများထံ သတင်းရရှိသည်။

 

 

တပ်မ ၈၈ မှ တပ်သားများ တည်းခိုသည့် အိမ်၏  အိမ်ရှင်အမျိုးသမီးအား ငိုပြီးထွက်လာသည်ကို တွေ့မိသဖြင့် အကျိုးအကြောင်း မေးမိရာမှ သေနတ်ဖြင့် ရိုက်နှက်လိုက်သည်ဟု ရွာသားတစ်ဦးက ပြောပါသည်။

" တပ်မ ၈၈ က တပ်သားတွေ တည်းတဲ့အိမ်က အိမ်ရှင်အမျိုးသမီး အိမ်ထဲကနေ ငိုပြီးအပြင်ကို ထွက်လာတာကို တွေ့မိလို့ ကွန်မောင်ကျော်က ဘာဖြစ်လဲပေါ့။ မေးကြည့်တဲ့အချိန် တပ်သားတစ်ဦးက သေနတ်နဲ့ သူ့ခေါင်းကိုရိုက်လိုက်တာ။ ခေါင်းမှာတော့ သွေးထွက်ပြီး ဒဏ်ရာရပါတယ်။

ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့  တပ်မ ၈၈ တပ်သာများသည် အမျိုးသမီးများ ရေချိုးရာတွင် သော်လည်းကောင်း၊ လမ်းသွားလာရာတွင် သော်လည်းကောင်း လိုက်ပြီး အနှောက်ယှက် ပေးသည်ကို ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

"ကွန်မောင်ကျော် ရိုက်နှက်ခံရတဲ့အပြင် အမျိုးသမီးတွေ ရေချိုး/အ၀တ်လျှော်လို့ သူတို့နဲ့တိုးရင် တစ်ခုခုအကူအညီ တောင်းသလိုလို လက်တွေဘာတွေဆွဲတယ်" ဟုပြောပါသည်။

၂၀၁၄ ခုနှစ်တွင်လည်း ဟိုမိန်းကျေးရွာတွင် ရွာအုပ်ချုပ်ရေးမှူးကအစ ကျန်ရပ်မိရပ်ဖများကို ရိုက်နှက်ခြင်း၊ ပစ္စည်းလုယူခြင်းနှင့် ငြိမ်းခြောက်ခြင်း များလည်း ပြုလုပ်ခဲ့သည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links