You are here: Home NEWS လားရှိုးခရိုင်တရားရုံးတွင် အမှန်တရားဘက်ကို ရပ်တည်ပေးသည့် တရားသူကြီးပေါ်လာပြီ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

လားရှိုးခရိုင်တရားရုံးတွင် အမှန်တရားဘက်ကို ရပ်တည်ပေးသည့် တရားသူကြီးပေါ်လာပြီ

E-mail Print PDF

ဧပြီလ ၁

၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မတရားဖမ်းဆီးခံရသော တအာင်းလူငယ် မိုင်းညီအေးအား လားရှိုးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်ခင်စန်းမြင့်မှ ပြည်သူနှင့် အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ကာ ဥပဒေနှင့်အညီ လွှတ်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။

 

ဤအမှုကို အစအဆုံး အကျိုးဆောင်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းမြင့်အောင်က “တရားသူကြီးကတော့ နှစ်ဖက်ထွက်ဆိုချက်အပေါ်မူတည်ပြီး တရားရုံးရဲ့ ဆောင်ပုဒ်နှင့် အညီ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပေးတယ်လို့ မြင်ပါတယ်။”

နောက်ဆုံးအမိန့်မချမီ မတ်လ ၂၈ ရက်နေ့တွင် မိုင်းညီအေး၏ အစ်ကိုတော်စပ်သူ မိုင်းအိုက်နိုင်မှ ရှမ်းပြည်နယ် တရားသူကြီးချုပ်ထံ အသနားခံစာ တစ်စောင်ပေးပို့ပေးကာ အမှုမှန်နှင့် အမှန်တရားကို ဖော်ထုတ်ပေးနိုင်ပါရန် မေတ္တာရပ်ခံခဲ့သည်။

မိုင်းညီအေး၏ အစ်ကို မိုင်းအိုက်နိုင်က “အမှန်တရားဘက်ကို ရပ်တည်ပေးတဲ့ တရားသူကြီးကို လေးစားတယ်။ ဂုဏ်လည်းယူတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ အမှုမှန်ပေါ်အောင် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးတဲ့ ရှေ့နေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီး ၀ိုင်းဝန်းကူညီပေးကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”

မိုင်းညီအေးသည် နမ့်ခမ်းမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စာပေယဉ်ကျေးမှုကိစ္စကော၊ လူမှုရေး လုပ်ငန်းတွေမှာကော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာရော တအာင်းလူငယ်များနှင့် အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်တဲ့သူလည်း ဖြစ်ပါသည်။

မိုင်းညီအေးသည် ၂၀၁၅-ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် သတင်းထောက် အမေရိကန် နိုင်ငံသားတစ်ဦး နှင့် သြစတြီးလျနိုင်ငံသား တစ်ဦးကို နမ့်ခမ်းမြို့မှ လားရှိုးမြို့သို့ ကူညီပို့ပေးစဉ် ဦးကျော်မြင့်ဦးဆောင်သော ပန်းဆေးပြည်သူ့စစ်မှ ဖမ်းဆီးကာ မူဆယ်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

ဖမ်းဆီးစဉ်တွင် ၄င်းတို့ ၃ ဦးစီးနင်းလာသော ကားရော လူပါ သေသေချာချာစစ်ဆေးသော်လည်း မည်သည့် တရားမ၀င်ပစ္စည်းမှ မတွေ့ရဘဲ အကြောင်းမဲ့ မတရားဖမ်းဆီးသွားခဲ့သည်။ ၄င်းတို့ကားကို ပြည်သူစစ် အဖွဲ့ဝင်ကသာ ၁၂ မိုင်စခန်းမှ မူဆယ်ရဲစခန်းသို့ မောင်းနင်းလာကာ ရဲစခန်းရောက်ပြီး ၂ နာရီကျော်ကြာပြီးမှ ကားကို ထပ်မံစစ်ဆေးရာ စိတ်ကြွဆေးပြား ၄၀ ပြားနှင့် ကျည်းဆံ ၂၂ ထောင့်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုနောက် နိုင်ငံခြားသားနှစ်ဦးကို လွှတ်ပေးခဲ့ပြီး မိုင်းညီအေးကို အထက်ပါအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အစပိုင်းတွင် မူဆယ်ခရိုင်တရားရုံးတွင် အမှုကို စစ်ဆေးသော်လည်း နောက်ပိုင်းတွင် လားရှိုးခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

လားရှိုးခရိုင် တရားရုံးတွင် သတင်းထောက် သြစတြီးလျနိုင်ငံသား ကိုယ်တိုင် လာရောက် သက်သေထွက်ဆို ပေးခဲ့ပါသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links