You are here: Home NEWS လက်ဖက်ခြံလုပ်သားတစ်ဦး အလုပ်လုပ်နေစဉ် မိုင်းနင်းမိပြီး လက်တဖက်ဆုံးရှုံး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

လားရှိုးခရိုင်တရားရုံးတွင် အမှန်တရားဘက်ကို ရပ်တည်ပေးသည့် တရားသူကြီးပေါ်လာပြီ

ဧပြီလ ၁ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မတရားဖမ်းဆီးခံရသော တအာင်းလူငယ် မိုင်းညီအေးအား လားရှိုးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်ခင်စန်းမြင့်မှ ပြည်သူနှင့် အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ကာ ဥပဒေနှင့်အညီ လွှတ်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။

မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်းမှုကြောင့် စစ်ဘေးရှောင်မိဘပြည်သူများ ပိုမိုများပြားလာ

မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်း PSLF/TNLA လှုပ်ရှားနယ်မြေသို့ စစ်အင်အား အဆမတန်း ပို့ဆောင်ပြီး ထိုးစစ်ဆင်းမှုကြောင့် TNLA နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားကာ မတ်လ ၉ ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနှင့် မိုင်းယုလေးတွင် စစ်ဘေးရှောင် တအာင...

မြန်မာ့တပ်မတော်မှ ဒေသခံရွာသားကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်

မြန်မာ့တပ်မတော် တပ်မ ၃၃၊ ၉၉ တို့မှ အပြစ်မဲ့ရွာသား တားကူန်စောကို TNLA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ရက်စက်စွာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရပါသည်။

လက်ဖက်ခြံလုပ်သားတစ်ဦး အလုပ်လုပ်နေစဉ် မိုင်းနင်းမိပြီး လက်တဖက်ဆုံးရှုံး

E-mail Print PDF

ဖေဖေါ်ဝါရီ ၈ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ပိန်လုံကျေးရွာနေ အသက် ၁၅ နှစ်ရှိ ဦးလှရွှေ နှင့် ဒေါ်ယု၏ သား မိုင်းကျော်လင်းသည် ၁၁ နာရီခွဲခန့်အချိန် လက်ဖက်ခြံတွင် အလုပ်လုပ်နေစဉ် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါသည်။

 

မိုင်းကျော်လင်းသည် ပိန်လုံကျေးရွာနေ မြန်မာနိုင်ငံသား တရုတ်လူမျိုး ဦးလှဝင်း လက်ဖက်ခြံတွင် နေ့စားအလုပ် လုပ်နေသူဖြစ်ပြီး မိုင်းနင်းမိသောကြောင့် ညာလက်တဖက်ဆုံးရှုံးကာ ဦးခေါင်း၊ လည်ပင်း နှင့် ခြေထောက်တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မိုင်းကျော်လင်းကို ဖေဖေါ်ဝါရီလ ၈ရက်နေ့တွင် နမ့်ဆန်ဆေးရုံကနေ လားရှိုးစစ်ဆေးရုံသို့ ဆေးကုရန် ပို့ပေးထားသော်လည်း လားရှိုးဆေးရုံမှ မနိုင်သည့်အတွက် ၉ ရက်နေ့တွင် ပြင်ဦးလွင် စစ်ဆေးရုံကို ပြန်လွဲပေးလိုက်သည်ဟု သိရသည်။

ထိုဒေသတွင် မြန်မာ့တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အခြေချ လှုပ်ရှားသွားလာနေသော နေရာဖြစ်ပြီး မည်သည့် အဖွဲ့အစည်း ထောင်းထားသောမိုင်း နှင့် မည့်သည့်မိုင်းအမျိုးအစားမှန်း မသိရှိပါ။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links