You are here: Home NEWS ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် သေဆုံး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် သေဆုံး

E-mail Print PDF

ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ ငေါငါ;ကျေးရွာမှာနေ အသက် (၅) နှစ်အရွယ် ယောင်္ကျားလေး အနိုင် ခေါ် ကလေးတယောက်က နိုဝင်ဘာလ၊ ၁၉ ရက် ၂၀၁၅ နံနက် ၁၀း၃၀ အချိန်တွင် ဗုံးပေါက်ကွဲမှုကြောင်း ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။

 

ကလေးမိဘနဲ့ မိသားစုတွေက အလုပ်သွားကြပြီး အဖွားတစ်ယောက်နှင့် နေနေတဲ့ ကလေးတစ်ယောက်အား ၄င်းတို့အိမ်နှင့် မနီးမဝေးတော၊ ခြုံထဲတွင် အနည်းငယ်ဟောင်းနေပြီးဖြစ်သည့် ပေါက်ကွဲပစ္စည်း ဗုံး တစ်လုံးကောက်ယူလာကာ အိမ်ရှေ့မှာ စော့ကစားရင်း ဆိုင်ကယ်ခြေနင်းနှင့် ထုကစားရင်းဖြင့် ပေါက်ကွဲပြီး လက်၊ ၀မ်းဗိုက်၊ ခါး၊ မျက်နှာ နှင့် ဦးခေါင်းထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါသည်။

" ကလေးက မနက်ကမှ ကျောင်းတက်နေသေးတယ်လို့ ဆရာမကပြောတယ်၊ ဒီနေ့ကျမှ ကလေး အမေတွေလည်း အလုပ်သွားတယ် သူ့အဖွားက အိမ်နောက်ဘေးမှာ ရေချိုးဖို့လုပ်တုန်းမှာ တောထဲက ဗုံးတစ်လုံး ကောက်ယူလာပြီး စော့ကစားရင်း ပေါက်သွားတာ။ ဗုံးက ပေါက်အား တော်တော်ပြင်းတယ် အိမ်ဘေးက မြေကြီးတွေတောင် ချိုင့်ကုန်တယ်။ ကလေးရဲ့ ဗိုက်၊ ဦးခေါင်း၊ လက်တွေ ရစရာမရှိအောင် ထိခိုက် သေဆုံးသွား ခဲ့ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါသည်။

ဘယ်အဖွဲ့အစည်းက ထောင်ထားသည့်ဗုံး (သို့) ပစ်ထားသည့်ဗုံးလို့ ဒေသခံ တစ်ယောက်ကို မေးကြည့်သည့်အခါ " မိုင်းကတော့ နည်းနည်းတော့ဟောင်းနေပြီး ဘယ်အဖွဲ့အစည်းက ဗုံးဆိုတာတော့ အတိအကျ မပြောတတ်ဘူး သို့သော် ရွာကိုတော့ မြန်မာစစ်တပ် တပ်မ (၈၈)က လွန်ခဲ့တဲ့ ၁ ရက် ၂ ရက်က လာသွားတာတော့ ရှိပါတယ်" ပြောပြပါသည်။

ပေါက်ကွဲတတ်သည့် ခဲယမ်းပစ္စည်းများ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရတာ တအာင်းဒေသ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတွေမှာ မကြာခဏ ကြုံလေ့ရှိပါသည်။ ကျေးရွာအနီးအနားတွင် အသက်မွေး ၀မ်းကျောင်းပြုသည့်နေရာ၊ အိမ်မွေးတိရိဆ္တန်တွေ ကျက်စားရာနေရာမှာ ထိခိုက်ပြီး သေဆုံးသွားနိုင်သည့် ဗုံး ပေါက်ကွဲမှုတွေ ကြုံတွေ့နေရတာကြောင့် ဒေသခံများ မိသားစု စားဝတ်နေရေး နှင့် သွားလာနေရတာကို အရမ်းစိုးရိမ် နေရပါသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links