You are here: Home ဆက်သွယ်ရန်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီး ပိတ်ဆို့ထားကြောင်းကြေညာ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-မန်တုံ ကားလမ်းမကြီး တလျောက်လုံးကို ၂၆-ရက်နေ့ နံနက် ၁-နာရီစနေနေ့ မှစ၍ အကန့်အသတ် မရှိ ပိတ်ဆို့ထားလိုက်ကြောင်း (KIA)မှကြေညာလိုက်သည်ဟု သိရသည်။

အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် နယ်မြေဖြစ်နေသည့်အတွက် တိုက်ပွဲကြောင့် ပြည်သူလူထုများကို မထိခိုက်စေလိုသဖြင့် ပိတ်လိုက်ရသည်ဟု ကြေညာချက်တွင်ပါဝင်သည်။

 ''မနေ့ကတည်းက ဂိတ်ကို စာရောက်လာတယ်၊ ၂၅ရက် ည၁၂နာရီကျော်ပြီးနောက်ပိုင်း လမ်းတွေကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်တယ်၊ ယာဉ်ကြီး ယာဉ်ငယ်မကျန် ဒီလမ်းကိုအသုံးမပြုကြဖို့ ညွန်ကြားထားပြီး အကယ်၍လမ်းကို အသုံးပြုပြီးတော့ မမျော်လင့်တဲ့ ဖြစ်ရပ်မျိုးကြုံလာခဲ့မယ်ဆိုရင်လည်း အဖွဲ့အစည်းမှ တာဝန်ယူနိုင်မည် မဟုတ်ကြောင်းကို ပေးပို့လာတဲ့စာထဲမှာတွေ့ရပါတယ်''လို့ မန်တုံမြို့ မှလာရှိုးသို့ ပြေးနေသော ကားဂိတ်ပိုင်ရှင် တစ်ဦးမှ အတည်ပြုပြောဆိုခဲ့သည်။

ဤလမ်းကြောင်းသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နှင့် နမ္မတူ-လာရှိုးမြို့ကြီးများသို့ ဆက်သွယ်ထားသည့် လူထုအများအားထားနေသော လမ်းကြောင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း ခရီးသည်တင်ကားများ၊ မော်တော်ဆိုင်ကယ်များ အမြဲတမ်းအသုံးပြုနေရသည့်လမ်းလည်းဖြစ်သည်။

''ကေအိုင်အေအဖွဲ့အစည်းကနေ ပေးပို့လာတဲ့စာက ကားဂိတ်ကိုပဲ ပို့တာဆိုပေမယ့် အစိုးရဌာနဆိုင်ရာ အားလုံးနှင့်ဒေသခံအားလုံးထံ အသိပေးတာဖြစ်ပုံရတယ်၊ မသွားကြဖို့ တားမြစ်ထားတဲ့အထဲကနေ သွားမယ် ဆိုရင်ဖြစ်လာတဲ့ ပြသာနာတွေကို ကိုယ်တိုင်ပဲ တာဝန်ယူရမယ်ဆိုတဲ့သဘော ရောက်တယ်” ဟုမန်တုံမြို့ခံတစ်ဦးမှ ပြောဆိုခဲ့သည်။

လမ်းပိတ်ရသည့်အကြောင်းရင်းမှာ ကေအိုင်အေမှ တိုက်ပွဲနယ်မြေ ဖြစ်ကြောင်းကြေညာလိုက်တာဖြစ်သလို မိုးမိတ်ဘက်မှ အစိုးရတပ်ရင်းထပ်မံတိုးချဲ့သွားဖို့ရှိတဲ့ကိစ္စကို မဖြစ်အောင် ခုခံကာကွယ်တာလည်း ဖြစ်နိုင်ကြောင်းဟု တပ်နှင့်နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးပြောဆိုခဲ့သေးသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links