You are here: မူလစာမျက်နှာ ကျွန်တော်တို့အကြောင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ကျွန်တော်တို့အကြောင်း

E-mail Print PDF

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး(TSYO)

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး(TSYO)သည် လွတ်လပ်သော လူ့အဖွဲ့အစည်းတခုဖြစ်ပြီး ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ မျိုးချစ်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပလောင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(PSYO)ကို ၁၉၉၃ခုနှစ် ကရင်ပြည်နယ် မာနယ်ပလောတွင် စတင် သန္ဒေတည်စေခဲ့သော်လည်း ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့ ရောက်မှသာလျှင် ပလောင်လူငယ်လုပ်ငန်း ကွန်ယက်အဖွဲ့(PYNG) အမည်ဖြစ် တရားဝင်စတင်ဖွဲ့စည်း တည်ထောင်နိုင်ခဲ့သည်။ ကွန်ယက်အဖွဲ့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသော ဒုတိယအကြိမ်မြောက် ညီလာခံတွင် ပလောင်လူငယ်လုပ်ငန်း ကွန်ယက်အဖွဲ့အား တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးအဖြစ် အမည်ပြောင်းလဲခေါ်တွင်စေခဲ့သည်။  မြန်မာဘာသာဖြင့် အများကခေါ်ဝေါ်သတ်မှတ်သည့် “ပလောင်” အစား မိမိဘာသာစကားဖြင့် မိမိကိုယ်တိုင်ခေါ်ဝေါ် သတ်မှတ်သည့် “တအာင်း” အဖြစ်သာ အသုံးပြုရန် ညီလာခံကြီးမှ ဆုံးဖြတ်ခဲ့ကြသည်။

ခံယူချက်(Mission)

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးသည် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးနှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရေးကို ဦးတည်ပြီး တအာင်းကျောင်းသား၊ လူငယ်များနှင့် တအာင်း တမျိုးသားလုံး၏ ဘဝဖွံ့ဖြိုးတိုးတတ်မြှင့်မားရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ဦးတည်ချက် (Goal)

(က) ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတတ်သည့် တအာင်းဒေသဖြစ်ပေါ်လာရေး။

(ခ) ဦးဆောင်မှုအခန်းကဏ္ဍတွင် တအာင်းမျိုးဆက်သစ်လူငယ်များ ပိုမိုပေါ်ထွန်းလာရေး။

(ဂ) ကျား၊ မ တန်းတူရေး။

(ဃ) တန်းတူညီမျှသော အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် နှင့် စစ်မှန်သောပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ရေး။

(င) အာဏာရှင်စနစ်ဖျက်သိမ်းရေး။

 

ရည်ရွယ်ချက် (Objective)

(က) တအာင်းကျောင်းသားနှင့်လူငယ်များ ဘဝရှင်သန်ဖွံ့ဖြိုးတိုးတတ်လာစေမည့် လူငယ်စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်သွားရန်။

(ခ) ဒီမိုကရေစီ နှင့် အမျိုးသားတော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာလူငယ်များနှင့် အမျိုးသမီး အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်သမဂ္ဂများ၊ မိဘပြည်သူများနှင့် ဆက်စပ်လှုပ်ရှား ပူးပေါင်းဆောင်ရွက်သွားရန်။

(ဂ) တအာင်းစာပေနှင့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်သည့် လှုပ်ရှားမှုများ လုပ်ဆောင်သွားရန်။

(ဃ) တအာင်းဒေသအတွင်းရှိ မူးယစ်ဆေးဝါးစိုက်ပျိုး၊ရောင်းဝယ်၊ သုံးစွဲသည့်ပြဿနာများ လျှော့နည်းသွားစေရန်အတွက် လှုပ်ရှားမှုများ လုပ်ဆောင်သွားရန်။

(င) တအာင်းဒေသအတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားရန်။

(စ) တအာင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ကျသွားရန်အတွက် စည်းရုံးလှုံ့ဆော် ကာကွယ်ဖော်ထုတ်သွားရန်။

(ဆ) တအာင်းဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် လုပ်ဆောင်သွားရန်။

(ဇ) တအာင်းကျောင်းသားနှင့်လူငယ်များ၏ ပညာအရည်အချင်းများ မြှင့်တင်ဆောင်ရွက်သွားရန်။

(ဈ) ပြည်သူလူထုတို့၏ ထောက်ခံမှုကို ပိုမိုရရှိနိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်သွားရန်။

(ည) အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ နှင့် စစ်မှန်သောဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရန်အတွက် လှုပ်ရှားမှုများ လုပ်ဆောင်သွားရန်။

 

လုပ်ငန်းဌာနများ (Departments) 

(က) စည်းရုံးရေးနှင့်စွမ်းရည်မြှင့်တင်ရေးဌာန

(ခ) လူ့အခွင့်အရေးမှတ်တမ်းနှင့်သတင်းဌာန

(ဂ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန

(ဃ) ပညာရေးဌာန

(င) စာပေနှင့်ယဉ်ကျေးမှုဌာန

(စ) ဘဏ္ဍာရေးဌာန

(ဆ) ကျန်းမာရေးဌာန

 

 

တွေ့ဆုံမေးမြန်းခန်း

 
တအာင်းစာပေနှင့်ယဉ်ကျေးမှုနေ့အခမ်းအနား

အခြားသတင်းလင့်များ


လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း

လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း
 
Burmese Version | English Version

 


“ပိုက်လိုင်းအိပ်မက်ဆိုး”

မြန်မာအင်္ဂလိပ် 

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း
 
Burmese Version | English Version

ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ

 
Burmese Version | English Version

ပဋိပက္ခလောင်စာများ

ပဋိပက္ခလောင်စာများ
 
Burmese Version English Version