စစ်အစိုးရရုံးများပြင်ဆင်ရန် ပြည်သူများထံ အတင်းအဓမ္မငွေကောက်ခံ

Posted By admin on May 7, 2010

မေလ ၇ ရက်၊ ၂၀၁၀ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်တွင် ၁၇ ရက် ဧပြီလ ၂၀၁၀ ညနေ (၃) နာရီမှ (၅) နာရီထိ ခလရ (၁၃၀)
တပ်ကုန်းအား ဗဟိုပြုပြီးပြင်းထန်သောလေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်ခဲ့သည်။ ထို တိုက်ခတ်မှုကြောင့်
အစိုးရရုံး၊ စစ်စခန်း၊ လ္ဘက်စက်ရုံနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သည်။

ထိုတိုက်ခတ်မှုကြောင့် ဆုံးရှုံမှုများကို ရွာသားတဦးက “မန်တုန်မြို့တွင်း လ္ဘက်စက်ရုံတစ်ရုံ၊ အိမ်ခြေပေါင်း (၃၀)၊
စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ အထက်တန်းကျောင်း နှင့်စစ်တပ်တွင်းမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ကုန်တယ်။
ကာလငွေတန်ဖိုး ကျပ်သိန်း (၃၀၀) ကျော် လောက် ဆုံးရှုံးမယ်” ဟုပြောခဲ့သည်။

စည်ပင်ရုံးနှင့်စိုက်ပျိုးရေးကို ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ မှ မေလ (၁) ရက်နေ့ တွင် သက်ဆိုင်ရာ
မြိုနယ်ရပ်ကွက် လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ရွာသားများထံမှ ငွေကောက်ခံ ခိုင်းကြောင်းသိရှိရသည်။
ထိုကောက်ခံငွေများကို မေလ(၇) ရက်နေ့ နောက်ဆုံးထားပြီး ငွေအပ်ရမည်” ဟုလည်းအမိန့်ထုတ် ထားသည်။

ငွေကောက်ခံရာတွင် ဆင်းရဲသားမိသားစုများကို ကျပ် ၂ သောင်း၊ လူလတ်တန်းစားများကို ၅ သောင်း နှင့် ချမ်းသာတဲ့
မိသားစု(၁)သိန်း၊သစ်ကုန်သည်တရုတ်သူဌေးများထံ(၅)သောင်း၊ ကုန်စုံဆိုင် အသေးစားတွေဖွင့် ထားတဲ့ပလောင
်မိသားစုများထံမှ ကျပ်ငွေ(၁)သိန်းကောက်ခံသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ် နေသည်။

ဒေသခံတဦးပြောပြရာတွင်  “ပလောင်လ္ဘက်စက်ရုံပိုင်ရှင်တစ်ယောက်ဆိုရင် အမိုးတွေ လေနဲ့ ပါပြီးပျောက်ကုန်လို့
သွပ် အချပ် (၂၅၀) ကျော်လောက်ပြန်ဝယ်ပြီး လက်ဖက်စက်ရုံကိုပြန်မိုးရ လို့ ငွေကုန်ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မယက
ဥက္ကဌ က ‘မင်းစက်ရုံပြိုတာ မင်းကိစ္စ အခု ပြိုသွားတဲ့ ရုံးတွေပြုပြင်ဖို့ အတွက် မင်း ငွေ (၅) သောင်းပေးရမယ်’ လို့
ခြိမ်းခြောက်ပြောဆိုခဲ့သည်။ထိုစက်ရုံပိုင်ရှင်က အဆင်မပြေကြောင်း မယကဥက္ကဌ ကိုတောင်းပန်သော်လည်း
လက်မခံခဲ့ဘူး”

ထိုရက်အတွင်းတိုက်ခတ်ခဲ့သောလေဆင်နှာမောင်းသည်  စစ်တပ်စခန်းအား (၃) ကြိမ် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး
မြို့တွင်းတစ်ခါသာလျှင် တိုက်ခတ်ခံရသည်ဟုသိရသည်။ ထိုလေးပြင်းတိုက်ခိုက်မှုကြောင်း ဖြစ်ပေါ်သော ဆုံးရုံးမှုများ
ကိုမည်သည့်အဖွဲမှဝင်ရောက်ကူညီမှု မရှိသေးကြောင်းသိရသည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈ ၇၈၄၄၃

About the author

admin

Comments

Comments are closed.