အကြောင်းပြချက်မရှိ ကျေးရွာလူအ၀င်အထွက်စာရင်း ကောက်ခံခိုင်း
Posted By admin on April 23, 2010
နမ့်ဆန်မြို့ အတွင်း ငွန်ဆိုင်ကျေးရွာအခြေစိုက် ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေး ဦးဆောင်သော ပြည်သူစစ်
အဖွဲ့ သားများသည် နမ့်ဆန်မြို့ အရှေ့ ပိုင်း ပလောင်ကျေးရွာများဖြစ်သည့် နမ့်လင်း၊ အောက်မန်လွယ်၊
အထက်မန်လွယ်၊ ခေးခင်၊လုံတောက်စသည့် ကျေးရွာဥက္ကဌများကို ဇန်န၀ါရီလ အတွင်းတွင် လူအ၀င်အထွက်စာရင်း
ကောက်ခံခိုင်းကြောင်းသိရရသည်။
ဒီလိုလူအ၀င်အထွက်စာရင်း ကောက်ခံသည်မှာ ဘာအတွက်ကြောင့်ကောက်ခံရမည်ကို မေးခွင့်မရသောကြောင့်
ဒေသခံများသည် တိတိကျကျမသိရပေ၊ ထိုလူအ၀င်အတွက်စာရင်းပြုစုကောက်ခံရာတွင်လည်း လူအမည်၊ အသက်၊
ကျား၊ မ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည့်အချက်များပြည့်စုံရမည်ဟုလည်း အမိန့်ပေးသွားခြင်းဖြစ်သည်၊
“သူတို့ ကိုယ်တိုင်တော့မကောက်ဘူးပေါ့ ကွာ ထွန်မြတ်လေး ကသူရဲ့တပည့်တွေကို ဦးဆောင်ပြိးတော့ ကျတော်တို့ ရဲ့ 
ရွာဥက္ကဌကို ကောက်ခိုင်းလိုက်တာပါ၊ တော်တော်တော့ ခက်ပါတယ်ဗျာ တကယ်လို့  ကျတော်တို့ စာရင်းတိတိကျကျ
မကောက်နိုင်ရင် သူတို့ ကရွာဥက္ကဌကော ရွာသူရွာသားတွေကအစ ခေါ်တွေ့ပြီး အရေးယူမယ်လို့ လည်း ရွာဥက္ကဌကို
ကြိမ်းဆိုလိုက်တယ် “ဟု ရွာသားတစ်ဦးပြောပြချက်အရ သိရသည်၊
အဆိုပါရွာများသည် ယခုလိုအကြောင်းပြချက်တိတိကျကျမရှိဘဲ ခြိမ်းခြောက်မူ. အမိန့် အောက်က လုပ်ပေးရသော
ခိုင်းစေခြင်းကို အမိန့် အတိုင်းလွဲချော်မူတစ်ခုခုရှိပါက ဒဏ်ငွေပမာဏမနည်း ပေးရခြင်းသည် ယခင်ကအတွေ့ကြုံ နှင့်
အလာတူကြောင်းသိရှိရသည်၊
ယခုလိုရွာအတော်များများတွင် လူအ၀င်အထွက်စာရင်း တိကျခက်ခဲလှသည့်အချက်လက်များကိုကောက်ခံခြင်းသည်
လာမဲ့ရွေးကောက်ပွဲ နှင့် ပယောဂမကင်းကြောင်းဟု ဒေသခံပြည်သူများက ယုံကြည့်ကြသည်၊
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
သတင်းပြန့် ကြားရေးဌာန







Comments