ဘုန်းတော်ကြီးကျောင်းမီးလောင်

Posted By admin on April 23, 2010

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်အတွင်းရှိ အားရမ်းကျေးရွာတွင်ရှိသော  ဘုန်းတော်ကြီးကျောင်း ပြီးခဲ့သည့်  ဖေဖော်ဝါရီလ ၉ ရက်နေ့ 
ညနေ ၅ နာရီ လောက်တွင်မီးလောင်သွားကြောင်းစုံးစမ်းသိရှိ ရသည်။

ဤဘုန်းတော်ကြီးကျောင်းမီးလောင်ရခြင်းနှင့်ပတ်သက်၍ အားရမ်းရွာသားတစ်ဦးက “ဟုတ်တယ် လူတွေတော်တော်
များများက လက်ဖက်ခြံသွားကြတယ်လေ   ကျတော်တို့ လည်းသွားတယ။် ညနေ လက်ဖက်ခြံကနေပြန်လာပြီး
ရွာအ၀င်မှာရောက်တော့ ဘုန်းကြီးကျောင်းမီးလောင်နေတာကို မြင်ရတယ် ကျတော်တို့ ရွာကလူတွေ ၀ိုင်းငြိမ်းတယ်
ဒါပေမဲ့ မနိုင်ဘူး၊  အစက ကပ်ဆက်ရှော့ဖြစ်တာကို ဓါတ်ဆီ ပုလင်းနဲ့ တိုက်မိပြီး စလောင်တော့တာပါပဲ၊ နောက်အခြား
သိုလှောင်ထားတဲ့ လောင်စာဆီနေရာမှာကူးသွားတော့ မီးကမငြိမ်းနိုင်လောက်အောင်တောက်ပြီး တစ်ကျောင်းလုံး
လောင်ကျွမ်းသွားတယ်” ဟု ပြောပြသည်၊

နမ်ဆန့် မြို့နယ်အတွင်းရှိ ကျေးရွာများသည်လည်း အားရမ်းရွာကဘုန်းတော်ကြီးကျောင်းမီးလောင်ခြင်းနှင့် ပတ်သက်ပြီး
အလုငွေများ တစ်ရွာတွင် (၅၀၀၀၀) ခန့် ကူညီလုဒါန်းခဲ့သည်၊  ဘုန်းတော်ကြီးကျောင်းမီးလောင်ပြီး ဆုံးရှုံးသွားသည့်
ပစ္စည်းများသည် ငွေပမာဏ သိန်း ( ၅၀၀) ခန့် မနည်းဆုံးရှုံးသွားကြောင်းလည်း သိရသည်၊

နမ့်ဆန့်မြို့ပေါ်တွင် မီးသတ်ကား  နှစ်စီးရှိသော်လည်း လမ်းပန်ဆက်သွယ်ရေးအဖြစ်လည်းကောင်း တာဝန်အဖြစ်သော်
လည်းကောင်း မည်သည်မျှအကူညီမရခြင်းဖြစ်သည်၊  ထိုမီးလောင်သည့် အချိန်ကာလတွင် ၀န်ကြီးခရီးစဉ်ကာလဖြစ်
သောကြောင့် ငွေအနည်းငယ်ဖြင့်ကူညီပေးပြီး ၂၀၁၀ အတွက်စည်းရုံးရေးပါ လုပ်ဖြစ်သွားကြောင်းသိရသည်၊

သတင်းပြန့် ကြားရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး

About the author

admin

Comments

Comments are closed.