နအဖ စစ်အုပ်စု၏ ဟန်ပြ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကန့်ကွက်ရှတ်ချသည့် ပလောင်အမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်
Posted By admin on February 4, 2010
ရှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့နယ်နှင့် မန်တုန်မြို့နယ်တွင် နအဖစစ်တပ်များ ပြီးခဲ့သောအပတ်တွင် ပူပူနွေးနွေ
ဘိန်းတိုက်ဖျက်ရေး စတင်ခဲ့သော်လည်း ဘိန်းခြံအချို့ကိုသာ နမူနာပြဖျက်ဆီးခဲ့ပြီး။ အခြားအင်အားကြီး ဘိန်းတောင်
သူတို့ထံမှ လာဘ်ငွေများရယူပြီး ထိုဘိန်းခြံများ မဖျက်ဆီးဘဲ ပြန်ဆုတ်သွားကြောင်း သိရှိရပါသည်၊
ပလောင်အမျိုးသမီးအစည်းအရုံးမှ “အဆိပ်သင့်တောင်တန်းများ” ဟူသော မြန်မာစစ်အစိုးရ ထိန်းချုပ်မူအောက်တွင်
ဘိန်းစိုက်ပျိုးမူ များပြားတိုးတက်လာခြင်း အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ဇန်န၀ါရီလ ၂၈ရက်နေ့တွင် နအဖ
စစ်ရဟတ်ယဉ်က နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ပျိုးသည့်နေရာတွင် လာရောက်လှည့်သွားခဲ့ပါဟု သတင်းရရှိပါသည်၊
နောက်တနေ့တွင် ခလရ (၁၄၄) ခြေလျင်တပ်ရင်းဦးဆောင်ပြီး အခြား ဒေသခံတပ်များ။ ရဲတပ်ဖွဲ့များနှင့် ဒေသခံ
အာဏာပိုင်များ စုစုပေါင်းအင်အား (၁၀၀) ကျော်ရှိ စစ်ကြောင်းတို့သည် ဘိန်းခြံတိုက်ဖျက်ရန်အတွက် နမ့်ခမ်းမြို့နယ်
တ၀ိုက်ရှိဘိန်းခြံများကို စတင်ထိုးစစ်ဆင်ဖျက်ဆီးခဲ့ပါသည်၊
ထို ဘိန်းတိုက်ဖျက်ရေးစစ်ကြောင်းသည် ဘိန်းခြံအချို့ကိုသာ နမူနာပြ ဖျက်ဆီးခဲ့ပြီး အခြားဘိန်းခြံ မြောက်များစွာကို
မဖျက်ဆီးဘဲချန်ခဲ့ပါသည်၊ ဘိန်းတိုက်ဖျက်ရေးစစ်ကြောင်းသည် ဘိန်းအများဆုံးစိုက်ပျိုးသော ပန်းဆေးနယ်နှင့် ကျန်နယ်
တ၀ိုက်ရှိ ကျေးရွာများအားလုံးကို ဦးတည်ပြီး တိုက်ဖျက်ရန်ထိုးစစ်ဆင်ခဲ့သော်လည်း ပန်းဆေးနယ်ရှိ ဘိန်းခြံများ
ဦးဆောင်စိုက်ပျိုးသည့် ပန်ဆေးကျော်မြင့်နှင့် အခြားအင်အားကြီး ဘိန်းတောင်သူတို့ထံမှ ကျပ်ငွေ သိန်းတစ်ထောင်ခန့်
(ဒေါ်လာ ၁ သိန်း) ရယူခဲ့ပြီး ပြန်ဆုတ် သွားကြောင်း သိရှိရပါသည်၊
မန်တုန်မြို့နယ်ရှိ ခလရ (၁၃၀) ဒုတပ်ရင်းမှူး ဇော်ထွန်း ဦးဆောင်သည့် စစ်တပ်မှဒေသခံ ပြည်သူ့စစ်နှင့်အတူ ဘိန်းခြံ
များကို ဇန်န၀ါရီလကုန်တွင် ၀င်ရောက်စစ်ဆေးခဲ့ပြီး စိုက်ပျိုးတောင်သူထံမှ လာဘ်စားမူများပြုလုပ်ခဲ့ပါသည်၊
လာဘ်ထိုးမူများပြုလုပ်ခဲ့သော်လည်း အချို့ဘိန်းတောင်သူများကို ဖမ်းဆီးသိမ်းထိန်းထားခြင်းများပြုလုပ်ထားပြီး တချို့
သော လူငယ်များကို စစ်တပ်ထဲသို့ အတင်းအဓမ္မ ၀င်ခိုင်းခြင်းများလည်းရှိသည်ဟု သတင်းရရှိခဲ့ပါသည်၊
“မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါးပြ၏နာဟာ ပုံစံတကျ သိသာထင်ရှားကြီးမားလာနေတာကို အခုလိုလုပ်ရပ်က သက်သေ
ပြနေပါတယ်၊ မူးယစ်ဆေးဝါးပြ၏နာကို နိုင်ငံတကာမှာ တင်ပြထားသော်လည်း နအဖစစ်တပ်တွေ ကိုယ်တိုင်က မူးယစ်
ဆေးဝါးကနေ ၀င်ငွေရရှိမူကို လက်လျော့ခြင်းမရှိသေးပါဘူး” ဟု ပလောင်အမျိုးသမီး အစည်းအရုံးမှ သတင်းနှင့်
သုတေသန တာဝန်ခံ လိုည်းနွေနှောင်း က ထောက်ပြပြောဆိုပါသည်၊
ပလောင်ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး အမှန်တကယ် ပပျောက်လျော့ကျစေရန် ဆောင်ရွက်ရာတွင်
ထိုကဲ့သို့ လာဘ်စားမူများဖြင့်သာဆောင်ရွက်ပါက မည်သို့မျှလျော့ကျနိုင်မည်မဟုတ်သဖြင့် ထို ခလရ (၁၄၄)တပ်ရင်းမှူး
ဦးဆောင်သည့် ဘိန်းတိုက်ဖျက်ရေးစစ်ကြောင်း. လုပ်ရပ်အပေါ် ပလောင်အမျိုးသမီးအစည်းအရုံးမှ အပြင်းအထန်
ကန့်ကွက်ရူတ်ချလိုက်ပါသည်၊
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမူနှင့် မူးယစ်ဆေးဝါး အမှန်တကယ် ပပျောက်လျော့ကျစေရန် ဆောင်ရွက်နေသော
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မူဆိုင်ရာရုံး (UNODC) မှလည်း ထိုအဖြစ်အပျက်ကို ဆက်လက်အရေးယူ
ဆောင်ရွက်ပေးပါရန် ပလောင်အမျိုးသမီးအစည်းအရုံးမှ အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်၊ နအဖစစ်အစိုးရ
အနေဖြင့် နိုင်ငံရေးပြ၏နာကိုကိုင်တွယ် ဖြေရှင်းပေးရန်လိုအပ်သလို တိုင်းရင်းသားဒေသများအတွင်း ပြည်သူ့စစ်
တပ်ဖွဲ့ဝင်များ အတင်းအကျပ် သိမ်းသွင်းစည်းရုံးနေမူကို ရပ်ဆိုင်းပေး၍ ဤမူးယစ်ဆေးဝါးပြ၏နာကိုလည်း ဖြေရှင်းပေး
နိုင်ရန် အလေးအနက်ဖော်ထုတ်တင်ပြလိုက်ပါသည်၊
ဗဟိုအလုပ်အမူဆောင်ကော်မီတီ
ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံး
ဆက်သွယ်ရန်
လိုည်းနွေနှောင်း- ၆၆-၈၂၁၆၄၈၁၁၅
လိုည်းဒါင်းဇား – ၆၆- ၈၂၂၂၅၁၅၉၆









Comments