၂၀၁၀ အ၀င် နအဖ စစ်ဗိုလ်ချုပ်တွေ တအာင်းဒေသမှာ ခြေရှပ်နေ

Posted By admin on January 27, 2010

၁၇ ဇန်န၀ါရီ ၂၀၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရှိင် နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ အခြေခံမူလွန် ကျောင်းဆောင်သစ်ဖွင့်ပွဲ့ တိုင်းမှူး
ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သည်၊

အလုပ်ရှုပ်ခံရသည့် ရဲ၊ ပြည်သူစစ်၊ အရန်မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်
ကလေး၊ ကျောင်းသူ ကျောင်းသားဆရာ၊မများ အစိုးရ၀န်ထမ်းများနှင့် ကချင်၊
ခိုလုံလီချော ပလောင်စာပေယဉ်ကျေးမှုအဖွဲ့များ အခမ်းအနားကို ပြင်ဆင်လေ့ကျင့်ပြီး ကြိုဆိုနေသည်ကို တွေ့ရှိရသည်၊

တိုင်းမှုးအမှာစကား “ဒီကျောင်းဆောင်သစ်ကို ကျောင်းသူ၊သား ဆန့်သလား မဆန့်ဘူးဆိုရင် ထပ်လုပ်ပေးမယ်။ ဒီကျောင်းဖြစ်မြောက်ဖို့ ငါပြည်သူ့ ငွေ သိန်း(၁၅၀) ငါပေခဲ့တယ် ကလေးတွေကို စာတတ်အောင် လုပ်ပေးရမယ် နောက်နှစ်ဆို ကျောင်းသူကျောင်းသားတွေ များလာရင် အလယ်တန်းရအောင် ငါလုပ်ပေးမယ်” ဟုပြောကြားခဲ့သည်၊

ရွာသားတစ်ဦးပြောပြချက်အရ “တိုင်းမှူးက ဒီဇင်ဘာလကတည်းက လာမယ်ပြောထားတယ် လာဖြစ်တာက ဇန်န၀ါရီလ
လာဖြစ်တယ် သူလာမယ်ဆိုတော့ ရွာမှာရှိတဲ့ လူတွေ အခမ်းအနားကို အစီစဉ်တွေ ကြိုတင်ပြင်ဆင်ရတယ် ကျောင်းသူ
ကျောင်းသားတွေလဲ စာကောင်းကောင်းမတင်ရပဲ အက တွေ နေ့တိုင်းလေ့ကျင့်ရတယ် လမ်းတွေပြင်ရတယ်။
လုပ်အားပေးတော့ ဆက်တိုက်ပါပဲကွာ။ သူမလာခင် နှစ်လလုံးလုံး အလုပ်ရှုပ်ခံပြီးပြင်ဆင်ရတယ် ရောက်လာတော့လဲ
(၁၅)မိနစ်ပဲလာခဲ့တယ်၊ ဒီကောင်တွေ ၂၀၁၀ ၀င်လာတော့ သူတို့ရွေးကောက်ပွဲ ထောက်ခံအောင် စည်းရုံးနေတာပ်ဗျာ”
ဟုပြောသည်၊

အဖေဖြစ်သူ မီးသတ်အဖွဲ့ဝင်မှ ခရီးထွက်နေ၍ အဖေကိုယ်စား မီးသတ်ဝတ်စုံဝတ် တိုင်းမှူးအား ကြိုရသောကလေး ပြောပြချက်အရ “ကျနော်နာမည် မိုင်း(xxx)ပါ (၉)တန်း ကျောင်းသား အသက် (၁၅)နှစ် ပါ မန်အောင်ရွာမှာ နေပါတယ်။ ကျနော်အဖေက အရင်တုန်းက အရန်မီးသတ် သင်တန်းတက်ခဲ့တယ် အခုသူခရီးထွက်နေတယ် လူကြီးလာမယ် ဆိုတော့ သူတို့ဝတ်စုံဝတ်ရမယ် လူကြီးသွား ကြိုရမယ် ဒါပေမယ့် သူမှမရှိတော့ ရယကဥဏ္ဍပြောတာက မင်းအဖေမရှိ တော့ မင်းအဖေကိုယ်စား ၀တ်စုံဝတ်ရမယ် သွားကြိုရမယ်။ ဒါကြောင့် အခုလိုသွားရတယ်၊” ဟုပြောသည်၊

တိုင်းမှူးမလာခင် နှစ်ရက်မှာ လာရှိုး ကွတ်ခိုင် မူဆယ် နမ့်ခမ်း ဗန်မော လမ်းအားကြိုပိတ်ထားသည်၊

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

ဆက်သွယ်ရန် (၀၈၀ ၁၁၈ ၄၄၇၉)

About the author

admin

Comments

Comments are closed.