ပလောင်ဒေသရှိ လူငယ်များအား စစ်သားစုဆောင်ခြင်းနှင့်အတူ မဲဆွယ်စည်းရုံး

Posted By admin on January 19, 2010

၁၈။ ဇန်န၀ါရီ။ ၂၀၁၀
၂၀၁၀ ကျင်းပမည့် နအဖ ရွေးကောက်ပွဲအတွက်  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်ဒေသ မန်တုံမြို့နယ်အတွင်းရှိ ပလောင်ကျေးရွာများကို နအဖ စစ်အုပ်စုမှ စစ်တပ်များစေလွတ်၍ ကျေးရွာလူငယ်များကို စစ်သားစုဆောင်ခြင်းနှင့်အတူ ပြည်သူများအား မဲဆွယ်စည်းရုံးနေကြောင်းသိရသည်၊

ဇန်န၀ါရီလအတွင်း ခလရ မန်တုံ ၁၃၀။  နမ္မတူ ၃၂၄ရှိ စစ်တပ်များမှ မန်တုံမြို့နယ် တ၀ိုက်ရှိ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးရန်အတွက် စစ်သားများ စေလွတ်ခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးပြီး ပြည်သူများအား လိုက်လံမဲဆွယ်စည်းရုံးခြင်းဖြစ်သည်၊

ဒေသခံတစ်ဦးထံမှ သိရှိချက်အရ “ရွာမှာ ဘိန်းခြံမရှိပါဘူး သူတို့က ဘိန်းမစိုက်တဲ့ရွာ တွေကို ဖွံ့ဖြိုးတိုးတက်တဲ့ စံပြရွာဆိုပြီးတော့ ကျေးရွာလူကြီးထံကို ငွေ (၁၀)သိန်းပေးတယ် ရွာလမ်းမကြီးကိုလည်း ပြန်လည်ပြုပြင်ပေးတယ် ရွာမှာ ရေ ပိုမိုသုံးစွဲနိုင်ရန်အတွက် ရေပိုက်များကိုလည်း သွယ်ပေးတယ် ဒါပေမယ့် ရွာသားတွေရဲ့လုပ်အားနဲ့ဘဲ ခိုင်းခဲ့ပါတယ်  ပြီးတော့ လာမည့်ရွေးကောက်ပွဲမှာ မိမိဒေသ ပိုမို လုံခြုံရန်အတွက်ဆိုပြီး လူငယ်များကို စစ်တပ်ထဲ ၀င်ရောက်ရမည်ဖြစ်ကြောင်း” ဟောပြောစည်းရုံးခဲ့သည်ဟု သိရသည်၊

ခလရ (၁၃၀) တပ်ရင်းမှူးမှ စစ်သားများ တစ်ဖွဲ့လျှင် အယောက် (၂၀)စီစေလွတ်ပြီး မန်တုံမြို့နယ်တ၀ိုက်ရှိ ကျေးရွာများအားလုံး ဖြန့်ကျဲပြီး လိုက်လံစည်းရုံးခိုင်းကြောင်း သိရှိ ရပြီး စစ်တပ်ဖွဲ့မှာ (၆)ဖွဲ့ရှိပြီး ရွာပေါင်း (၁၂) ရွာရှိကြောင်း သိရှိရသည်၊

တစ်ရွာလျှင် အနည်းဆုံး လူငယ်များသုံးဦးစီ စစ်တပ်ထဲဝင်ရောက်ရမည်ဖြစ်ပြီး ၀င်ရောက်သည့်အချိန်တွင် တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်း ဆုပေးမည့်ဖြစ်ကြောင်း မက်လုံးပေးစည်းရုံးခဲ့သည်၊

ယခုနှစ်အတွင်း ကျေးရွာပြည်သူများမှာ စားဝတ်နေရေးအကြပ်အတည်းဖြစ်ပြီး မည်သူမှ စိတ်ဝင်းစားမူ့မရှိခဲ့သော်လည်း စစ်တပ်မှ ဖိအားပေးမူကြောင့် တစ်ရွာလျှင် သုံးဦးစီ မဖြစ်မနေရ မဲနှိုက်ပြီး သွားရောက်တက်ခိုင်းရမည်ဖြစ်ကြောင်း သိရသည်၊

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်  (၀၈၄ ၃၆၆ ၄၈၂၆/  ၀၈၀ ၁၁၈ ၄၄၇၉)

About the author

admin

Comments

Leave a Reply