လွတ်လပ်ရေးနေ့ သံဃာ အပါး ၃၀ လမ်းလျှောက်

Posted By admin on January 12, 2010

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဇန်န၀ါရီလ (၄)ရက် ၂၀၁၀ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် သံဃာတော် အပါး (၃၀) ကျော် ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ဒေသခံ မျက်မြင်သက်သေများ. ပြောပြချက်အရသိရသည်၊

မြို့ခံ တစ်ဦးမှ “ ဟုတ်တယ် လွတ်လပ်ရေးနေ့က သံဃာ အပါး (၃၀) ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့တယ် စစ်တပ်တွေ ရဲတွေ အပြည့်ဘဲ ဒါပေမဲ့ ဘာမှ မလုပ်ဘူး ဖမ်းတာ ဆီတာ တွေလည်း အခုထိမကြားရသေးပါဘူး”

“ကျနော့် အထင်တော့ မြို့ခံ ဘုန်းကြီးတွေဘဲလို့ထင်တာဘဲ ဒါပေမဲ့ ဘယ်ကျောင်းကလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ လူတွေစိတ်ဝင်တစားနဲ့ ကြည့်ကြတာလည်းရှိတယ် အိမ်ထဲကနေကြည့်နေကြတာလည်းရှိတယ်။ ဒါပေမဲ့ တချို့ကျတော့ ဒါထူးထူးခြားခြား မဟုတ်ပါဘူးလို့လည်း ပြောကြတယ် အမျိုးမျိုးပေါ့” ဟုပြောပြသည်၊

နောက်မြို့ခံတစ်ဦးမှ “ အင်း ဘုန်းကြီးတွေက အဲ့ဒီနေ့ ညနေပိုင်းမှာ သင်္ကန်းရုံပြီး ငြိမ်းငြိမ်းချမ်းချမ်းဘဲ လမ်းလျှောက်တာလေ ဘာမှမရွတ်ဘူး အဲ့ဒီ ပင်လုံလမ်း တလျှောက်မှာပေါ့ တချို့တွေကတော့ ဒါပုံမှန် လမ်းလျှောက်တာပါလို့ပြောကြတယ် ဒါပေမဲ့ ရဲနဲ့ စစ်သား (၄၀၀) လောက်က သေနတ်။ နံပါတ်တုတ်တွေနဲ့ အပြည့်ဘဲ အဲ့ဒီလမ်း တလျှောက်မှာချထားတာ အခုဆိုရင် ညကင်း တွေတောင်ချထားသေးတယ်”

၎င်းမြို့ခံမှ ဆက်လက်ပြီး “သံဃာတွေ မလျှောက်ခင် အဲဒီမနက်မှာလည်း “မိဘပြည်သူ များထံသို့ လွတ်လပ် ရေးနေ့ အထူးပန်ကြား လွာ“ ဆိုပြီး စာတွေဖြန့်သွားတာလည်းတွေ့တယ် ဘယ်သူတွေဖြန့်တယ်ဆိုတာ တော့ မသိဘူး။ စစ်သားနဲ့ ရဲတွေက အဲ့ဒီစာရွက်တွေကို မဖတ်နဲ့လို့ပြောပြီး ဈေး နဲ့ လမ်းမကြီးမှာ လိုက်သိမ်းနေ တာတွေ့တယ် အဲ့ဒီမနက်မှာ။ ပြီးတော့ စာရွက်တွေတွေ့ရင်လည်း မဖတ်ဘဲနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံးများနှင့် ရဲစခန်းကိုပို့ဖို့လည်းပြောတယ်” ဟု ပြောပြသည်၊

၂၀၁၀ နှစ်သစ် လွတ်လပ်ရေးနေဏ္ဍတွင် သံဃာ အပါး (၃၀) ကျောက်မဲမြို့ ငြိမ်းချမ်းစွာဖြင့် စီတန်း လမ်းလျှောက်ခဲ့ခြင်းသည် ပထမ ဦးဆုံးကြိမ်ဖြစ်ပြီး ယခုအချိန်ထိ အဖမ်းအဆီးမရှိကြောင်းသိရသည်၊

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်၊ ၀၈၀ ၁၁၈ ၄၄၇၉။

၀၈၄ ၈၁၇ ၂၅၂၅

About the author

admin

Comments

Comments are closed.