တောင်သူများ၏ ခြံခင်းအပေါ် မတရား အခွန်ကောက်ခံခြင်း
Posted By admin on October 29, 2009
၂၀၀၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် အခြေစိုက် တပ်ရင်း ခလရ (၁၃၀)မှ
ကျေးရွာပြည်သူများထံ လက်ဖက်ခြံအခွန်များ မတရားသဖြင့် ကောက်ခံနေကြောင်းသိရှိရသည်။
မန်တုံမြို့နယ်အတွင်းရှိ မန်ပတ်၊ ကောင်းဆုံ၊ နမ့်ခန်း၊ မန်ရား စသည့်ကျေးရွာများကို လက်ဖက်ခြံ
တစ်ဧကလျှင် ကျပ် ( ၂၀၀၀၀ )နှုန်းဖြင့် ကောက်ယူနေကြောင်း သိရှိရသည်။
ထိုဒေသရှိ ပြည်သူလူထုများသည် မိမိတို့ပိုင်ဆိုင်သော မြေများအတွင်း နှစ်ပေါင်းများစွာ ကတည်းက
လက်ဖက်စိုက်ခင်းနှင့် တောင်ယာစိုက်ခင်းများကိုသာ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စား
သောက်ခဲ့ပြီး ဘယ်တုန်းကမှ အခွန်ပေးဆောင်ရခြင်း မရှိခဲ့ ကြောင်း သိရှိရသည်။
ရွာသူကြီးတစ်ဦးပြောပြချက်အရ ” ကျတော်တိုရွာကိုလာပြီးတော့ ဘာကြေင့် အခွန်ကောက်ခံလည်း
တော့ မသိဘူး သူတိုကိုမေးမြန်းခွင့်လည်း မရှိဘူး ကျတော်တို့ မှာ လက်ဖက်ခြံ (၅)ဧက ရှိပါတယ်
မိသားစုဝင် (၅)ယောက်ရှိပါတယ် ခြံက တစ်နှစ်ပတ်လုံးမှ စားဝတ်နေရေးအတွက်သာ ဖူလုံပြီး
ငွေအပိုမရှိဘူး တစ်ဧကကို (၂၀၀၀၀) တစ်နှစ်ကို (၁၄၀၀၀၀)ပေးရမယ်ဆိုတော့ ကျတော်တို့ အတွက်
အရမ်းကို အခက်အခဲဖြစ်ရပါတယ်ဟု”
ပြောဆိုခဲ့သည်။





Comments
Leave a Reply