ကျေးရွာပြည်သူပိုင်မြေများ သိမ်းပိုက်ခြင်း

Posted By admin on October 29, 2009

၁၀၊ ၁၀၊ ၂၀၀၉ ရက်နေ့  ခလရ( ၆၂၆ )မှ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် စခန်းသာ အုပ်စု
မန်ကန်ကျေးရွာတွင် နေထိုင်သော ကျေးရွာပြည်သူများ၏ မြေများကို သိမ်းယူပြီး စစ်စခန်းပိုင်အဖြစ်
စံပြလက်ဖက်စိုက်ခင်းများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာပြည်သူများ၏ ( ၅ )မိုင်ပတ်လည်ခန့်ရှိ မြေဧကပေါင်း (၄၀)ဧက ကို သိမ်းယူပြီး ထိုနေရာ
အတွင်းရှိ ချုံပုတ်များကိုလည်း ရှင်းလင်းရန်အတွက် လုပ်အားပေးခေါ်ခိုင်းနေကြောင်း သိရှိရသည်။

ထိုသို့ လုပ်အားပေးခိုင်းနေသည့်အချိန်တွင်လည်း စစ်သားများက ရွာသားများကို ကြည့်ရှု ကြပ်မတ်
ကာ စာရင်းပြုစုပြီး မလာရောက်သောသူများကို အပြစ်ပေးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို
နေကြောင်း သိရှိရသည်။

ကျေးရွာပြည်သူများမှာ မိမိတို့၏ စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး မအားလပ်သည့် ကြားက
သွားရောက်လုပ်ကိုင်နေရသည့်အပြင် မိမိတို့ ၏ ကိုယ်ပိုင်စားစရိတ်များ အသုံးအဆောင်ပစ္စည်းများကို
လည်း ယူသွားနေရကြောင်း သိရှိရသည်။

ရွာသားတစ်ဦး၏ ပြောဆိုချက်အရ” စစ်သားများက စိုက်ခင်းဘေးပတ်လည်မှာ နေထိုင်ဖို့  တဲများကို
တည်ဆောက်ပြီး ဒီစံပြလက်ဖက်ခင်းတွေကို စိုက်ပြီးသည့်နောက်ပိုင်း ကျေးရွာအတွင်းရှိ ပြည်သူများ
လည်း တစ်အိမ်ထောင်လျှင် ( ၂ )ဧကနှုန်းဖြင့် မဖြစ်မနေ လက်ဖက်စံပြစိုက်ခင်းများ စိုက်ပျိုးရမည်ဖြစ
်ကြောင်း အမိန့်  ထုတ်ပြန်ထားသည်ဟု” ပြောဆိုခဲ့သည်။

About the author

admin

Comments

Leave a Reply