အိမ်မွေးတိရိစ္ဆာန်အပေါ် အခွန်များကောက်ခံခြင်း
Posted By admin on October 29, 2009
၁၊ ၉၊ ၂၀၀၉ ရက်နေ့  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့ မှ တအာင်းဒေသအတွင်းရှိ
ကျေးရွာ ပြည်သူများ မွေးမြူထားသည့် တိရိစ္ဆာန်များအပေါ်တွင် မတရားသဖြင့် အခွန်များကောက်ယူ
နေကြောင်း သိရှိရသည်။
ကျောက်ဖြူ၊ မန်နောက်၊ တောင်သုံးဆယ်၊ ဘုရားကြီး၊ ဇယ်တုန်ဟုန်း အစရှိသည့်ကျေးရွာများ
မွေးမြူထားသည့် ကြက်၊ ၀က်၊ ကျွဲ၊ နွားများအပေါ် တစ်လလျှင် ကျပ် (၁၅၀၀၀)နှုန်းဖြင့် ကောက်ယူနေ
ကြောင်း သိရှိရသည်။
ထိုကျေးရွာအတွင်း နေထိုင်သော ကျေးရွာပြည်သူအများစုမှာ တောင်ယာ၊ လယ်ယာ၊ ခြံလုပ်ငန်းများ
ဖြင့်သာ ရိုးသားစွာ လုပ်ကိုင်စားသောက်နေပြီး မွေးမြူရေးအပိုင်းတွင် အိမ်မွေးတိရိစာန်အဖြစ်သာ
မွေးမြူထားသည့်အပေါ်တွင် မတရားသဖြင့် အခွန်ကောက်ယူခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရွာသူကြီးတစ်ဦးထံမှ သိရှိချက်အရ ” သူတို့ အဖွဲ့ က မွေးမြူရေးအတွက် အခွန် ပေးဆောင်ရမည်ဆိုတဲ့
ဆိုင်းဘုတ်ကို တစ်ရွာဝင် တစ်ရွာထွက်ပြီး အများသိအောင် ချိန်ဆွဲထားကာ အခွန်မဆောင်သူများကို
ဒဏ်ငွေ (၁၅၀၀၀) ရိုက်မည်ဟုလည်း ဖော်ပြထားပါတယ် တချို့ အိမ်တွေမှာဆိုရင် ရွာဓလေ့အလိုက်
ကြက်တစ်ကောင်သာ မွေးမြူသော်လည်း တစ်လပြည့်လျှင် အခွန်ပေးဆောင်ရပါသည်ဟု” ပြောဆိုခဲ
့သည်။





Comments
Leave a Reply