တအာင်းဒေသရှိ လုပ်အားပေး ယခင်ထက် ပိုမိုများပြားလာ

Posted By admin on October 29, 2009

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအတွင်းနေထိုင်သော
ရွာသူ၊ရွာသားများအားလုံးကို ကားလမ်းပြန်လည် ပြုပြင်ရန်အတွက် မြို့နယ် ငြိမ်ဝတ်ပိပြားရေးနှင့်
တည်ဆောက်ရေး ကောင်စီ (မ၀တ)မှ ၁၂၊ ၁၀၊ ၂၀၀၉ ခုနှစ်တွင် လုပ်အားပေးခေါ်ခိုင်းကြောင်း
သိရှိရသည်။

အားရမ်းကျေးရွာမှ နမ့်ဆန်မြို့အထိ ပျက်ဆီးနေသော ကားလမ်းများကို မြေဖို့ ခြင်း၊ ကျောက်များ
သယ်ခိုင်းခြင်း စသည့်လုပ်ငန်းများကို (၃) ရက် ဆက်တိုက်လုပ်ခိုင်းနေကြောင်း သိရှိရသည်။

ရွာသားတစ်ဦးထံမှ သိရှိချက်အရ “ကျတော်တိုရွာကို အမိန့်စာ ပုံစံလို စာလုံအနီတွေနဲ့ ရေးပြီးပို့ 
ပေးတာပေါ့နော် စာထဲမှာတော့ ရွာသားများအားလုံး နမ့်ဆန်မြို့မှ အားရမ်းသို့  ကားလမ်းပြန်လည်
ပြုပြင်ရန်အတွက် တစ်အိမ်တစ်ယောက် မသွားမနေရ သွားရမည်ဖြစ်ပြီး၊ မသွားသောသူများကို
ဒဏ်ငွေ( ၂၀၀၀ )ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း” ရေးသားခဲ့သည်ဟု ပြောဆိုခဲ့သည်။

ထိုသို့ လုပ်အားပေးခေါ်ခိုင်းသည့် အချိန်တွင်လည်း အာဏာပိုင်များမှ အသုံးပြုရမည့် ပစ္စည်း
ကိရိယာများနှင့် အစားအသောက်များကို ထောက်ပံ့မှုမရှိဘဲ ကျေးရွာပြည်သူများမှ မိမိတို့ ၏
ထမင်းထုပ်၊ ပေါက်ပြား၊ ဓါး၊ ပေါက်ချွှန်များအားလုံး ယူလာခိုင်းကြောင်း သိရှိရသည်။

About the author

admin

Comments

Leave a Reply