ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးသွားလာရေး ယခင်ထက်ပိုတင်းကြပ်လာခြင်း

Posted By admin on September 23, 2009

၂၀၀၉။ စက်တင်ဘာ ၂၂ ၊ ဗုဒွဟူးနေ့ ၊

၁၊ စက်တင်ဘာလပိုင်း၊ ၂၀၀၉  ခုနှစ် ကနေစပြီး ယနေ့အချိန်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း နမမ္မတူမြို   ခလရ (၁၄၇) ရှိ စစ်တပ်ဂိတ် ရှေ့ တွင် စစ်သားများက လာရှိုး နှင့် နမ္မတူ ပြေးဆွဲနေသော လိုင်ကား များကို ရပ်ခိုင်းပြီး ခရီးသည်များ၏ မှတ်ပုံတင်များအား လုံခြုံရေးအရ အကြောင်းပြချက်ပေးပြီး ယခင် ကထက် ပိုမိုမေးမြန်းစစ်ဆေးနေကြောင်း သိရှိရသည်။

ခရီးသည်များထံသို့ အကြောင်းပြချက်အမျိုးမျိုးဖြင့် မေးမြန်းစစ်ဆေးပြီး မြို့ခံ မဟုတ်ပါက ဘယ်သွားမှာ လဲ၊ ဘာလုပ်မှာလဲ၊ ဘယ်မှာတည်းခိုမှာလဲ၊ မှတ်ပုံတင်နံပါတ်နှင့် အမည်များကို မှတ်တမ်းကောက်ယူပြီး အကြောင်းပြချက် ခိုင်လုံသည်ဖြစ်စေ ခရီးသည်များအား အချိန်ကြာမြင့်စွာ စုံစမ်းစစ်ဆေးပြီး ဆူပူပြော ဆိုနေကြောင်း သိရှိရသည်။

နမ္မတူမြို့အ၀င်ဂတ်တွင် ယခင်က စစ်ဆေးမှုများ ယခုကဲ့သို့ တင်းတင်းကြပ်ကြပ် မရှိခဲ့သော်လည်း ယခု နအဖနှင့် ကိုကန့်ကြား တိုက်ပွဲများဖြစ်ပြီးသည့်နောက်ပိုင်းနှင့် ၂၀၁၀ နှင့် နီးလာသည်နှင့် အမျှ နမတူမြို့နယ် တ၀ိုက်အတွင်း စစ်သားများပျံ့နှံ့ပြီး ခရီးသည်များ၏ သွားလာရေးနှင့် ကူးသန်းရောင်းဝယ် ရေးအတွက် အခက်အခဲများ ရှိလာခဲ့ကြောင်း သိရှိရသည်။

နမ္မတူမြို့ရှိ လိုင်ဖုန်းများကိုလည်း မြို့အတွင်း၌သာ ဆက်သွယ်လို့ရရှိပြီး အဝေးမြို့များထံသို့ ဆက် သွယ်လို့ရရှိသော် ဖုန်းလိုင်းများကိုလည်း စစ်တပ်များက ဖျက်တောက်ပြီး ဆက်သွယ်လို့ မရသည်မှာ လည်း တစ်ပတ်ကျော်ရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

နမတူမြို့ခံတစ်ဦးထံမှ  “ကျတော်တို့နမတူမြို့အပြင် လာရှိုး၊ သိန္နီ၊ ကွက်ခိုင်၊ မူဆယ်မြို့အ၀င် အထွက် ဂိတ်တိုင်းတွင်း စစ်သားများ၊ ရဲများ လုံခြုံရေးကို တင်းကျပ်စွာ ချထားပြီး လိုင်းကားများ၊ ဆိုင်ကယ် ကယ်ရီသမားများထံသို့လည်း လုံခြုံရေးကိုအကြောင်းပြချက်ပေးပြီး အချိန်ကြားမြင့်စွာ မေးမြန်းစစ်ဆေး နေလို့ ခရီးသည်များ၏ သွားလာမှုကို အနှောက်အယှက် ဖြစ်စေပါတယ်  ဟု သိရှိရသည်။

မှုဆယ်နှင့်ကွက်ခိုင် ကားလမ်းကြောင်းတစ်လျှောက်တွင် ခရီးသည်များအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ရန်အတွက် ရဲနှင့် စစ်သားများ အဖွဲ့(၇)ဖွဲ့ လောက်ရှိပြီး ကွက်ခိုင်နှင့် သိန္နီ ကြားတွင် သုံးဖွဲ့ရှိနေကြောင်း သိရှိရသည်။

သတင်းပြန်းကြေားရေးဌာန

တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

ဆက်သွယ်ရန် = ၀၈၀ ၁၁၈ ၄၄၇၉

၀၈၄ ၈၁၇ ၂၅၂၅

About the author

admin

Comments

Comments are closed.