ဆိုးဆေးပါ မြန်မာလက်ဖက် အမျိုး ၂၀ စင်ကာပူ ပိတ်ပင်
Posted By admin on March 31, 2009
စင်ကာပူမှာ မြန်မာပြည်ကလာတဲ့ လက်ဖက်များမှာ အ၀ါရောင် စက်မှုလုပ်ငန်းသုံး ဆိုးဆေးများပါနေ
တာ တွေ့ရလို့ မရောင်းရလို့ ပိတ်ပင်လိုက်ပါတယ်။
စင်ကာပူ စားသောက်ကုန် စိစစ်ရေးဌာနက မြန်မာပြည်ကလာတဲ့ လက်ဖက်တွေကို စိစစ်သွားရမယ်၊
ဆိုင်များပေါ်မှာရှိနေတဲ့ လက်ဖက်အမျိုးပေါင်း ၂၀ ကို မရောင်းချရလို့ တနင်္လာနေ့မှာ အမိန့်ထုတ်
လိုက်ပါတယ်။ အဲဒီလက်ဖက်တွေထဲမှာ အူရာမင်း အို (Auramine O) အမည်ရှိ ဓာတုပစ္စည်းများ
ပါရှိလို့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါတောင် ဖြစ်စေနိုင်တယ်လို့
ဆိုပါတယ်။
မြန်မာပြည်မှာလည်း လူကြိုက်များလှတဲ့ အဲဒီလက်ဖက်တွေထဲ ဆိုးဆေးတွေထည့်ထားလို့ အန္တရာယ်
ရှိကြောင်း ကျန်းမာရေးဌာနက ကြေညာထားပါတယ်။
အမေရိကန်နိုင်ငံမှာလည်း မြန်မာပြည်ကလာတဲ့ ဘရဆေးတချို့ထဲမှာ ခဲနဲ့ တခြား အဆိပ်သင့်စေတဲ့
ဓာတ်များ ပါရှိနေကြောင်း ကျန်းမာရေးတာဝန်ခံများက စစ်ဆေးတွေ့ရှိလို့ ပိတ်ပင်ထားလိုက်ပါပြီ။
မြန်မာအများအပြားနေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ကလေးဝမ်းနုတ်ဆေး၊
ပရဆေးသုံးစွဲမိတဲ့ ကလေးများရဲ့ သွေးထဲမှာ ခဲဓာတ် အဆင့်မြင့်မားနေတာကို အမေရိကန်
ကျန်းမာရေးတာဝန်ခံများက စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း သတင်းများရရှိပါတယ်။
Source by www://voanews.com





Comments