Collecting high taxation on chargo traders

Posted By admin on January 26, 2009

အခွန်ခ အဓမ္မ ကောက်ခံခြင်းကြောင့် မီးသွေးကုန်သည်များ ဒုက္ခ ရောက်

25 Jan 2009

မိုင်ဝီးနှင့် နမ့်ခမ်းလမ်းကြောင်းတစ်လျှောက်တွင် မီးသွေးနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြ သည့် မီးသွေးကုန်သည်များမှာ ရဲ၊ သစ်တောအဖွဲ့၊ စစ်တပ်နှင့်ပြည်သူ့စစ်တို့မှ အဆမတန် အခွန်ကောက်ခံခြင်းကြောင့် ပြည်သူများဒုက္ခအမျိုးမျိုးရင်ဆိုင်နေရသည်ဟုသတင်းရရှိပါသည်။

ပလောင်ဒေသတွင်းအများအားဖြင့် မီးသွေးနဲ့အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သောသူများ ပြားလာခြင်းနှင့်အတူ ဒီဆောင်းရာသီ အတောအတွင်းမှာလက်ဖက်ရာသီချိန် မဟုတ်သည့် အတွက်ကြောင့် အလုပ်အကိုင်ရှားပါးလာပြီး အဓိက၀င်ငွေရနိုင်သည့်နည်းလမ်းဖြင့် မီးသွေး ဖုတ်ရောင်းခြင်းနှင့် မီးသွေးအရောင်းအ၀ယ်ပြုလုပ်ကြပါသည်။

ကုန်သည်တစ်ဦး၏ ပြောပြချက်အရ ကားတစ်စီးစာကို မီးသွေးပိတ်ဿာချိန် (၆၀၀၀) လောက်ဘဲတင်နိုင်တယ် တစ်စီးလုံးရောင်းရငွေကမှ ကျပ် ရှစ်သိန်း(၈၀၀၀၀၀) လောက်ရှိတာ၊ ကားခက ကျပ် သုံးသိန်း (၃၀၀၀၀၀)ပေးရတယ် အဲဒီလမ်းကြောတစ်လျှောက်တွင် အဆမတန် အခွန်ကောက်နေတဲ့ ရဲ၊ စစ်တပ်နှင့် ပြည်သူစစ်တို့ကိုပေးရတာက နှစ်သိန်းငါးသောင်း (၂၅၀၀၀၀) လောက်ကုန်တယ် စုစုပေါင်းကုန်တာက (၅၅၀၀၀၀) ကုန်ပါတယ်။ အရင်တုန်းက ကျနော်တို့ဒီလောက်မပေးရဘူး၊ အခုဟာက အကောက်ခွန်ကိုက သုံးပုံတစ်ပုံ လောက်ကျနေပြီ ကားခနဲ့ ပေါင်းလိုက်ရင် အမြတ်မပြောနဲ့ အရင်းတောင်မရဘူး အကောက်ခွန်ကို လုပ်ကြွေး သလိုဘဲဖြစ်နေ တယ်လေ ဟု ပြောပြသည်။

အဆိုပါရွာသားမှ ဆက်ပြောပြသည်မှာ အခုဟာက အရင်ကနဲ့စာရင် မီးသွေးဈေးကလည်း ကျနေတယ်ဆိုတော့ မီးသွေးလုပ်တဲ့သူတွေ အများကြီးအရှူံးပေါ်တယ်၊ တချို့  သိန်း (၁၀၀-၂၀၀) ထိအရှူံးပေါ် တဲ့သူတွေရှိတယ်လို့သိရတယ် ဒါပေမယ့် ရွာကလူတွေက တခြားလုပ်ငန်း ကလည်း ရှားတော့ အမြတ်နည်းတာတောင်မှ အခုလို အရှူံးပေါ်ရင်တောင်မှဘဲ ကိုယ့်ရဲ့ ဖောက်သည်တွေမပျက်အောင်လို့ လုပ်နေရတာဘဲလေ” ဟု ပြောပြသည်။

မိုင်းဝီးနှင့် နမ့်ခမ်းမြို့နယ် လမ်းကြောင်းတစ်လျှောက်တွင် ရဲ၊ သစ်တော၊စစ်သားနှင့် ပြည်သူစစ် များ အဖွဲ့တို့မှအုပ်စုလိုက်ဖြင့် ပြည်သူများထံ မီးသွေးအခွန်များရရှိရန် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် တောင်းယူနေကြောင်း သိရှိရပါသည်၊

အလုပ်အကိုင်ရှားပါးနေတဲ့ကြားမှာ ရှိနေတဲ့သစ်တောတွေကို မီးသွေးဖုတ်ပြီးရောင်းရလာတဲ့ အကျိုးအမြတ်ကြည့်ပြန်တော့ အကောက်အခွန်၊ ရဲ၊ စစ်သား၊သစ်တောနှင့် ပြည်သူစစ်များ အား အခွန်ပေးဆောင်နေရသောကြောင့် သူတို့ကိုလုပ်ကျွေးပေးနေတဲ့ သဘောဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်

မိုင်းအောင်းကို- ၀၈၀ ၁၁၈ ၄၄၇၉

မိုင်းအိုက်ဒဲ့- ၀၈၄ ၈၁၇ ၂၅၂၅

About the author

admin

Comments

Leave a Reply