ပလောင်ဒေသအတွင်း ၂၀၁၀ခုနှစ် ရွေကောက်ပွဲအတွက် မှတ်ပုံတင် လိုက်လုပ်ပေးနေခြင်း
Posted By admin on October 24, 2008
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ ရှိ လ၀ကအဖွဲ့ နှင့် မယကအဖွဲ့ တို့ မှ ပလောင်ဒေသကျေးရွာများ သို့  (၂၀၀၈)ခုနှစ် အောက်တိုဘာလ ပထမပတ်မှစ၍ အသက်(၁၈)နှစ်ပြည့်သူများအတွက် မှတ်ပုံတင် စတင်ကွင်းဆင့်လုပ်ဆောင်ပေးနေကြောင်းသိရှိရပါသည်။
ယင်းသို့ ဖြစ်ပွားပုံမှာ ပြီးခဲ့သည့် မေလလူထုဆန္ဒခံယူပွဲတွင် ပလောင်တိုင်းရင်းများမဲပေးနိုင်ရန်အတွက် မှတ်ပုံတင်မရှိသူများအား ယာယီ(၃)ခေါက်ချိုးအမျိုးသားကဒ်များထုတ်ပေးခဲ့ပါသည်။ယခုအခါ၎င်းအား ပြန်လည်သိမ်းယူပြီး မယကနှင့် လ၀ကအဖွဲ့ မှဦဆောင်ပြီး နမ့်ဆန်မြို့ နယ်ရှိ မန်လွယ်အုပ်စု၊ တောင် ကျော်အုပ်စု၊နမ့်လင်းအုပ်စုစသည့် ပလောင်ကျေးရွာများအတွက်မှတ်ပုံတင်မရှိသောသူများ၊ (၁၈)နှစ် ပြည့်သူများနှင့် အသစ်လဲလှယ်သူတို့ ကို မှတ်ပုံတင်လဲလှယ်ပြုလုပ်စေခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ရန် အတွက်တစ်ဦးလျှင် ငွေ(၃၀၀၀)ကျပ်ဖြင့် အတင်းအဓမ္မကောက်ခံ နေကြပါသည်။
ဒေသခံတစ်ဦး၏ ပြောပြပုံမှာ “ကျနော်တို့ ကြားသိရသလောက် ဒီမှတ်ပုံတင်ပြုလုပ်ဖို့ အတွက် အစစ အရာရာကုန်ကျမူများကို (၂၀၀၈)မေလဆန္ဒခံယူပွဲမတိုင်ခင် ရက်(၂၀)အလိုမှာ မြန်မာနိုင်ငံရှိ လ၀က ညွန်းကြားရေးမှူးတို့ မှ ပြည်သူများထံ ငွေတောင်ယမ်းခြင်းမပြုလုပ်ရန် ထိရောက်စွာ တာမြစ်ထာပြီးပြီ လို လ၀ကတစ်ဦး၏ ပြောပြချက်အရ ကျနော်တို့ သိရတယ်၊အခုက မယကနှင့် လ၀က တို့ ပူးပေါင်းပြီး ကျနော်တို့ ဆီ ငွေ(၃၀၀၀)ကျပ် မပေးမနေရကောက်ခံတယ် မှတ်ပုံတင်ပြုလုပ်ဖို့ အတွက်ပေါ့၊ လော လောဆယ်မှာ ကုန်ဈေးနူန်းကလဲကြီးတော့ မိသားစုစားဝတ်နေရေးအတွက် ရွာဥက္ကဌက ရွာရန်ပုံငွေနဲ့ ယူပြီးကျွှေးမွေးနေရတယ်” ဟုပြောသည်။
မယကနှင့် လ၀ကအဖွဲ့ တို့ သည် နမ့်ဆန်မြို့ နယ် ပလောင်ဒေသတွင်းရှိ တောင်ကျော်အုပ်စု၊မန်လွယ် အုပ်စုနှင့် နမ့်လင်းအုပ်စုစသည့်ကျေးရွာများတွင် မှတ်ပုံတင်မရှိသောသူများ၊လဲလှယ်တဲ့သူများ၊ အ သက်(၁၈)ပြည့်သူများအား မှတ်ပုံတင်လိုက်လံလုပ်ဆောင်နေကြောင်းနှင့်ထိုသို့ မှတ်ပုံတင်လာရောက် လုပ်ပေးခြင်းမှာ (၂၀၁၀) ရွေးကောက်ပွဲအတွက် ထောက်ခံမဲများရရှိရန်နှင့် မဲပေးနိုင်သူဦးရေအတွက် စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဆက်သွယ်ရန်
ပလောင်လူငယ်လုပ်ငန်းကွန်ယက်အဖွဲ့ 
မိုင်းအောင်ကို။ ။ဖုန်း (၀၈၀-၁၁၈ ၄၄၇၉)
လွေးမိုးလှိုင် ။ ။ဖုန်း (၀၈၉-၄၃၅ ၀၂၇၃)





Comments
Leave a Reply