ပလောင်ဒေသ ကုန်ဈေးနူန်းနှင့် လူထုအခြေနေ

Posted By admin on October 10, 2008

နေ့ စွဲ။ ။၉.၁၀.၂၀၀၈

လက်ရှိပလောင်ဒေသတွင်ဆန်ဈေးတစ်ပြည်လျှင်(၁၃၀၀)ကျပ်၊ ဆီဈေးတစ်ပိဿာလျှင် (၄၅၀၀)ကျပ် ရှိပြီး လ္ဘက်ခြောက်ပေါက်ဈေးမှာရွာတွင်ရောင်းလျှင် တစ်ပိဿာ (၁၀၀၀)နှင့် (၈၀၀)ကျပ်ကြားတွင်ရှိပြီး မြို့ ပေါ်တက်ရောင်းပါက(၁၅၀၀)နှင့် (၁၄၀၀)ကျပ်ကြားရနိုင်သော်လည်း ရွာသားအများစုနှင့် လမ်းခရီး အခက်အခဲနှင့် စရိတ်စကကြီးမြင့်မှူတို့ကြောင့် ရွာရှိလ္ဘက်ပွဲစားများထံတွင်သာ ရောင်းချလေ့ရှိသည်။ ထို့ ပြင်လ္ဘက်ဈေးမှာ တနေရာနှင့်တနေရာ မတူပေ နမ့်ဆန်ဒေသတွင် လ္ဘက်ခြောက်တစ်ပိဿာ (၁၈၀၀)ကျပ်ရှိပြီး၊ နမ့်တူနှင့်မန်တုန်မြို့ ပတ်ဝန်းကျင်တွင်(၁၅၀၀)နှင့် (၁၄၀၀)ကျပ်ရှိကာ နမ့်ခမ်းဒေသ တွင်(၁၂၀၀)ကျပ်သာရှိသည်။

သို့ ဖြင့်၍ နေ့ စဉ်လ္ဘက်ခြောက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ပလောင်လူထုများ အဖို့  လ္ဘက်ပေါသော ရွေဖီကာလတွင်တစ်ယောက်ကို လ္ဘက်ခြောက်နှစ်ပိဿာနှူန်းရနိုင်သော်လည်း လ္ဘက်ရှားသော ယခုလိုမိုးတွင်းနှင့်မိုးနှောင်းကာလတွင် တစ်ယောက်ကို လ္ဘက်ခြောက်ငါးဆယ်သား၊ တစ်ပိဿာရရန်မှာ အင်မတန်မှ ခက်ခဲလှပေသည်။

သို့ သော်ကုန်ဈေးနူန်းမှာလျှော့မသွား၊ကျမသွား၊ ရပ်တန့် မနေဘဲတစ်ရက်ထက်တစ်ရက်မြင့်တက်လာ မှူကြောင့်လည်းကောင်း၊စစ်ဗိုလ်များနှင့် တရုတ်ကုန်သည်များ၏ လက်ဝါကြီးအုပ်ထားမှုကြောင့်လည်း ကောင်း လ္ဘက်ခြောက်ဈေးနှူန်းနှင့် ကုန်ဈေးနူန်းမှာ သင့်တင့်မျှတမှုမရှိသောကြောင့် လ္ဘက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသော ပလောင်ပြည်သူများအတွက်များ စွာဆင်းရဲကြပ်တည်းမူများ နှင့်ရင်ဆိုင်နေရသည်။

ပလောင်လူငယ် သတင်းဌာန

ဆက်သွက်ရန်

လွေးမိုးလှိုင် ၆၆ ၈၉၄ ၃၅၀ ၂၇၃

မိုင်းအောင်ကို ၆၆ ၈၀၁ ၁၈၄ ၄၇၉

About the author

admin

Comments

Leave a Reply